25

1.5K 171 4
                                    

25#သူ့ကို ကျေးဇူးတင်သင့်တယ်#

"ကိုယ် လမ်းမလျှောက်နိုင်တော့ဘူး အိမ်ထောင်ပြုလို့လဲမရတော့ဘူး ကိုယ်တစ်ယောက်ထဲမသေဖို့ ကိုယ့်မိသားစုကလဲ ဆက်ခံသူ ကိုလိုချင်နေပြီ  ကိုယ့်ခံစားချက်တွေကိုမင်းဘယ်တော့မှနားလည်မှာမဟုတ်ဘူး "

ဟော်ယွင်ရှန်း ၏စကားမ်ားမွာ ၀ မ်းနည်းမှုနှင့်ပြည့်နှက်နေလေသည်။ ရွှီရှီယန်လည်း ဆိုးဝါးသလို စခံစားမိလာသည်။

ဒါတွေက အတိတ်ရဲ့နေ့တစ်နေ့မှာ သူမ လုပ်ခဲ့တာရဲ့ အကျိုးဆက်များပင်ဖြစ်သည်။သူမ တကယ်ကိုမရည်ရွယ်ခဲ့ပါ။

"ကျွန်မ တကယ်စိတ်မကောင်းပါဘူး''

သူမပြောလိုက်သည်...

"ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ကျွန်မဘယ်တော့မှမတွေးခဲ့ဖူးဘူး ဒါပေမဲ့ ကျွန်မကိုချည်းအပြစ်တင်လို့တော့မရဘူးလေ အဲ့ဒီညတုန်းက ကျွန်မအခန်းထဲဝင်လာတာ ရှင်ပဲမဟုတ်လား''

ရွှီရှီယန် သည်ထိုညတွင်ဖြစ်ပျက်ခဲ့သည့်အရာအတွက်ကြောက်လန့်ခဲ့ရသော်လည်း သူနှင့်အတူ အိပ်ခဲ့ရခြင်းကို တစ်ခါမှ နောင်တမရခဲ့ဖူးပါ...

အကယ်၍ သူနဲ့သာမဖြစ်ခဲ့ပါက ယင်းပေါင်လေးလဲရှိလာလိမ့်မည်မဟုတ်ပါ။
သူမတကယ်သူ့ကိုကျေးဇူးတင်သင့်ပါသည်။

သူ့မိသားစုကသူ့ထံမှအမွေဆက်ခံမည့်သူကိုမျှော်လင့်နေသည် ဟု သူမကြားသောအခါ သူမရင်တဒိတ်ဒိတ်ခုန်လာပြီး စိတ်အနှောင့်အယှက်ဖြစ်ကာ စိုးရိမ်ပူပန်လာသည်။

ဒါပေမယ့်သူသည် သူ့သမီး ယင်းပေါင်အကြောင်း သိနိုင်သည့်အနေအထားတော့မရှိပါ။ အဲ့လိုဖြစ်လာပါက ဟော် မိသားစုကသူမသမီးလေး ကိုအတင်းအကျပ်ခေါ်ဆောင်သွားလိမ့်မည်။ ဒါက ရွှီရှီယန့် ကမ်ဘာလေး၏အဆုံးသတ်ဖြစ်သွားလိမ့်မည်။

ဟော်ယွင်ရှန်း ကမျက်ခုံးပင့်လိုက်သည်။

"ဒါဆိုမင်းပြောနေတာက အခန်းမှားဝင်တာကိုယ့်အမှားပေါ့... မင်းကို ကိုယ်နဲ့ဆက်ဆံဖို့ ကိုယ်ကတွန်းအားပေးခဲ့တာလား...ကိုယ့်ကို စိတ်ရောကိုယ်ပါနာကျင်စေမဲ့ ကံဆိုးမှုကြီးကိုလား...''

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now