30

1.2K 151 5
                                    

30#မမျှော်လင့်ထားသောအံ့သြစရာ#

ဘာမှထွေထွေထူးထူးဖြစ်မသွားပါဘူး။ သူမနံရိုးသုံးချောင်းကျိုးသွားရုံပါပဲ...နောက်ဆုံးတော့လဲပျောက်သွားမှာပါ...အတိအကျပြောရရင် သူမဒဏ်ရာက အတွင်းကြေကြေသွားတာလောက်ပါပဲ...

သူမအတွက်တော့ဒါဟာ သူမရဲ့တစ်နေ့တာအလုပ်ပဲလေ...

"ဒီအစားထိုးစတန့်သမားအလုပ်ကိုလုပ်မှဖြစ်မှာလား''

ဖန်ရှောင်းချန်ကမေးလိုက်သည်။

"အန္တရာယ်များတယ်ဟ''

"အင်း ဒီနေ့မွန်းလွဲပိုင်းမှာ အရံသရုပ်ဆောင်ရွေးပွဲရှိတယ် ငါအရွေးခံရရင် တရားဝင်သရုပ်ဆောင်ဖြစ်ပြီ "

အာ...ဒီမိန်းကလေးကိုတော့ မကယ်နိုင်တော့ဘူး...

သို့သော်ဖန်ရှောင်းချန် က ရွှီရှီယန် ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုတွေ့လိုက်ရသောကြောင့် သူမ၏စိတ်အားထက်သန်မှုအပေါ် မိုးရွာမချတော့ပဲ...

"ကောင်းပြီလေ ကံကောင်းပါစေ "

သူမ၏အလုပ်ပြီးသွားသည့်အချိန်တွင် မွန်းတည့်လုနီးပါးဖြစ်နေပြီဖြစ်သည်။ နေ့လည်စာအတွက် ရွှီရှီယန် နှင့် ဖန်ရှောင်းချန် တို့သည် ယင်းပေါင် ကိုကောင်းမွန်တိတ်ဆိတ်သောမြို့လယ်ရှိ ဟိုတယ်တစ်ခု သို့ခေါ်ဆောင်သွားခဲ့သည်။

ရွှီရှီယန် သည်ရေချိုးခန်းသို့သွားပြီးနောက် သူမပြန်လာသောအခါ အခန်းမှားပြီး သီးသန့်ခန်းတစ်ခုထဲသို့ဝင်သွားလိုက်မိသည်။

သူမတံခါးဖွင့်လိုက်သောအခါ အခန်းထဲတွင် သက်လတ်ပိုင်းအရွယ် မုတ်ဆိတ်များနှင့်ယောကျ်ားကြီးတစ်ယောက်နှင့်အတူ စားသောက်နေသော အမျိုးသမီးငယ်တစ်ဦးကိုသူမ တွေ့လိုက်ရသည်။

ထိုလူနှစ်ယောက်သည် ရင်းနှီးပုံရပြီး ရွှီရှီယန်ဝင်လာသည်ကိုမြင်သောအခါ ချက်ချင်းပင် လူချင်းခွဲလိုက်ကြပြီး ခပ်စိမ်းစိမ်းနေဟန်ဆောင်လိုက်ကြသည်။

အိုး ဖာ့ခ်...ဘာတွေဖြစ်နေတာလဲ???

ရွှီရှီယန် သည်သူမ၏အမှားကိုသဘောပေါက်သွားပြီး အလျင်အမြန်တောင်းပန်လိုက်သည်။ ထို့နောက် ထိုမိန်းကလေးက Zstanမှာ မင်းသမီး ချီလိယာ ဖြစ်နေမှန်းသိလိုက်ရသည်။

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now