31-b

1.2K 143 4
                                    

31-b#စိတ်ပျက်စရာအနှောင့်အယှက်#

"ညီမလေး ဘယ်လိုပြောလိုက်တာလဲ ရွှီမိသားစုက အမြဲတမ်းညီမလေးရဲ့အိမ်ပဲလေ''

ရွှီရှင်းရုန်သည် အတုအယောင်စိုးရိမ်မှုများကို ဖော်ထုတ်ပြသလျက်...

"အနည်းဆုံးတော့ ဖိုးဖိုးနဲ့ဖွားဖွားကိုတွေ့ဖို့အိမ်ပြန်လာသင့်တယ် ... အဖေ့ကိုရောပဲ သူတို့က ညီမလေးကိုတကယ်လွမ်းနေခဲ့တာ''

"အိုး...ဟုတ်လား ကျွန်မလာခဲ့ပါ့မယ် အချိန်ရရင်ပေါ့...''

သူမ တကယ်တွေ့ချင်တဲ့ တစ်ဦးတည်းသောသူမှာ သူမ၏အဖိုးပင်... ဒါပေမဲ့အခုအချိန်မှာတော့ သူမ သူ့ကိုသွားတွေ့ဖို့မဖြစ်နိုင်သေးပေ...သူမ အတည်တကျဖြစ်သည်အထိ စောင့်ရအုံးမည်။

"အခု နေစရာရောရှိလား''

ရွှီရှင်းရုန်ကမေးလိုက်သည်။

"သူငယ်ချင်းအိမ်မှာနေနေတယ်''

ရွှီရှီယန် လှည့်ထွက်သွားလိုက်သည်။ သူမ ဒီအဓိပ္ပါယ်မရှိတဲ့စကားဝိုင်းကို ဆက်မပြောချင်ပေ...

ရွှီရှီယန် အိမ်ပြန်တာထက်သူငယ်ချင်းအိမ်မှာနေရတာကိုပဲ ရွှီရှင်းရုန်စိတ်ဝင်စားတာဖြစ်သည်။ သူမညီမ တစ်သက်လုံးအိမ်ပြန်မလာဖို့ပဲမျှော်လင့်နေသည်။

ရွှီရှင်းရုန် သည် ရွှီရှီယန် ၏ရင်ဘတ်ပေါ်ရှိနံပါတ်ပြားကိုတစ်ချက်ကြည့်လိုက်သည်။

"ကျင်းရှီ?? နာမည်ပြောင်းလိုက်တာလား နံပါတ်က ၂၂၂ လား၊ ဒါဆို ညီမလေးလည်းဒီမှာလူရွေးပွဲလာဖြေတာပေါ့... ညီမ​​လေး သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာမမ မသိခဲ့ဘူး...ဘယ်လိုဇာတ်ကောင်မျိုးလိုချင်လဲ မမက ထုတ်လုပ်ရေးအဖွဲ့ကို စကားကောင်းပြောပေးလို့ရတယ်...ဘာပဲဖြစ်ဖြစ် ငါ့ညီမပဲလေ မမရဲ့ထောက်ခံချက်က ခရီးရောက်ပါတယ်''

"ရပါတယ်"

ရွှီရှီယန် ပြတ်ပြတ်သားသားပြောလိုက်သည်။

"ဒီနေရာလေးရဖို့အတွက် ဘယ်သူ့အကူအညီမှမလိုပါဘူး"

ရွှီရှင်းရုန် သည်တစ်ခုခုပြောရန်ပါးစပ်ကိုဖွင့်​ေနစဉ်သူမ၏လက်ထောက် ဝမ်လိ သည်ချဉ်းကပ်လာပြီး...

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now