18

1.5K 179 3
                                    

18#သူ့ကိုသတ်ဖို့ပဲ အိပ်မက်မက်နေခဲ့တာ#

ချူယွီဟော်သည် သွားခွင့်ပြုရမည့်အစား စကားပြောလာသည်။

"ငါ့မှာ ယန်ယန့်ကိုပြောစရာရှိတယ် ကိုယ့်အလုပ်မဟုတ်ဘဲ ဝင်မရှုပ်ဖို့မျှော်လင့်ပါတယ်''

"နင်...''

ဖန်ရှောင်းချန်သာ ယင်းပေါင်ကိုချီမထားဘူးဆိုရင် ဒီကောင်ရဲ့ဟန်ဆောင်မျက်နှာပေါ်မှာ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျအောင် ဆော်ပစ်လိုက်မည်ဖြစ်သည်။

သူတို့ပြတ်သွားတာကြာနေပေမဲ့ အခုအချိန်ထိ ရွှီရှီယန်ကိုကပ်ပြီး ရှက်စရာကောင်းအောင် တကျည်ကျည်လုပ်နေသေးသည်။

"Orangeနဲ့ တာ့ကျီ နင်တို့ကလေးကိုအရင်ခေါ်သွားလိုက်ပါ''

သူတို့ထွက်သွားလဲ သူမအဆင်ပြေတယ် ဟူသည့်သဘောဖြင့် ရွှီရှီယန် ဖန်ရှောင်းချန်ကို မျက်စိမှိတ်ပြလိုက်သည်။

အခု သူမက လွန်ခဲ့တဲ့ငါးနှစ်ကလို အားနည်းပြီးယုံလွယ်တဲ့မိန်းမမဟုတ်တော့ဘူးလေ...
သူမကိုယ်သူမ ကာကွယ်နိုင်နေပြီ။ ချူယွီဟော် သူမကိုမခြိမ်းခြောက်နိုင်တော့ပါဘူး...

ဖန်ရှောင်းချန် သူမသူငယ်ချင်း၏အကြည့်ကိုနားလည်စွာဖြင့် ဝမ်တာ့ကျီနှင့်အတူ ကလေးကိုခေါ်၍အိမ်ပြန်သွားတော့သည်။

တိတ်ဆိတ်နေသော ကော်ရစ်ဒါတွင် မီးရောင်မှိန်မှိန်က ရွှီရှီယန်၏ ကျက်သရေရှိသောမျက်နှာလေးပေါ် ဖြာကျနေလေသည်။

ချူယွီဟော် သူမကို လောဘကြီးသောမျက်လုံးများဖြင့် အထက်အောက်စုန်ဆန်ကြည့်လိုက်သည်။ ရွှီရှီယန် သူ့ကိုတစ်ချက်ကြည့်ပြီး စိတ်မရှည်ဟန်ဖြင့်...

"စကားပြောချင်တာမဟုတ်ဘူးလား ဒီမှာပဲရပ်နေတော့မှာလား''

ချူယွီဟော်သည် သူမကသူ့အား စိတ်လှုပ်ရှားစွာဖြင့်အခွင့်အရေးပေးနေသည်ဟု ထင်မြင်မိသွားသဖြင့် လူမရှိသောသီးသန့်ခန်းတစ်ခုကို ညွှန်ပြရင်း မေးလိုက်သည်။

"ဟိုက သီးသန့်ခန်းမှာပြောရင် ဘယ်လိုလဲ''

ရွှီရှီယန် ပြန်မဖြေသော်လည်း ထိုသီးသန့်ခန်းထဲကိုလျှောက်ဝင်သွားလိုက်သည်။
ချူယွီဟော် သူ့ကိုယ်သူစိတ်အေးအေးထားရန် ဖိအားပေးလိုက်ပြီး သူမနောက်သို့လိုက်ဝင်သွားတော့သည်။ ထို့နောက် အခန်းတံခါးကို လော့ချလိုက်သည်။

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now