13

1.6K 202 3
                                    

13#သူ့မှာကလေးရှိနေပြီလား#

သူမတို့ လေဆိပ်အပြင်ဘက်တွင် ခေတ္တစောင့်ဆိုင်းပြီးနောက် သူမသူငယ်ချင်း ဖန်းရှောင်ချန်သည် ပစ်ကပ်ကားဟောင်း တစ်စီးကိုမောင်းကာ ရောက်လာတော့သည်။ သူမတို့ချိန်းဆိုထားသည့်နေရာတွင် ဟိုကြည့်ဒီကြည့်နှင့် ရွှီရှီယန်ကိုရှာဖွေနေပေမဲ့ သူမ၏မျက်စိရှေ့တွင်ရှိနေသည်ကို မမှတ်မိပေ။

သူမတို့ လေဆိပ်အပြင်ဘက်တွင် ခေတ္တစောင့်ဆိုင်းပြီးနောက် သူမသူငယ်ချင်း ဖန်းရှောင်ချန်သည် ပစ်ကပ်ကားဟောင်း တစ်စီးကိုမောင်းကာ ရောက်လာတော့သည်။ သူမတို့ချိန်းဆိုထားသည့်နေရာတွင် ဟိုကြည့်ဒီကြည့်နှင့် ရွှီရှီယန်ကိုရှာဖွေနေပေမဲ့ သူမ၏မျက်စိရှေ့တွင်ရှိနေသည်ကို မ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နောက်ဆုံးတော့ ရွှီရှီယန်ကပဲ အရင်စခေါ်လိုက်ရသည်။

"Orange ငါရောက်နေပြီ နင့်ရှေ့မှာလေ''

ဖန်းရှောင်ချန်သည် သူမရှေ့မှ သူစိမ်းအမျိုးသမီး၏ အလွန်လှပသောမျက်နှာကိုကြည့်ပြီးအံ့သြသွားသည်။ သူမ၏သူငယ်ချင်းဖြစ်သူမှန်း သိသွားသောအခါ အားရပါးရငိုချလိုက်တော့သည်။

"နင်...ကောင်မကြီး ငါးနှစ်တောင်ပျောက်သွားလိုက်တာ...အကြင်နာတရားမရှိတဲ့မိန်းမ...နိုင်ငံခြားမှာကောင်ချောလေးတွေအများကြီးနဲ့ပျော်နေတာမလား နင့်သူငယ်ချင်း ငါ့ကိုရောသတိရသေးရဲ့လား''

မှန်ပါသည်။ အဲ့ဒါ ရွှီရှီယန်ပါပဲ...

သူမ၏မိတ်ကပ်ပြင်ထားပုံမှာ အလွန်လှပနေသောကြောင့် ဖန်းရှောင်ချန်သည်ပင်လျှင် မမှတ်မိနိုင်ခဲ့ပေ။ ရွှီရှီယန်၏ အိတ်မှ ဝက်ဝံရုပ်သော့ချိတ်လေးမှာ ဖန်းရှောင်ချန်ပေးထားသောမွေးနေ့လက်ဆောင်ဖြစ်ပြီး သူမအခုထိ သိမ်းထားတုန်းပင်...

သူမတို့ တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်နှုတ်ဆက်လိုက်သည်။ ဖန်ရှောင်းချန်၏ ပွစိပွစိ စကားများကိုနားထောင်ရင်း ရွှီရှီယန် အလွန်ဝမ်းသာနေမိသည်။ ဝမ်းသာလွန်းလို့ မျက်ရည်များပင်ကျလာတော့သည်။

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now