7

1.7K 190 10
                                    

7#တကယ်လား#

ဗီလာ၏ ဧည့်ခန်းအတွင်းတွင် သူမ၏ အဘွား၊ သူမအဖေ ရွှီကျင်းရှန်း၊ မိထွေးဖြစ်သူ ဆုယွီ နှင့် ပထမသခင်မလေး ရွှီရှင်းရုန် အားလုံးရှိနေကြသည်။ သူမအိမ်ထဲဝင်လာသောအခါ မကျေမနပ်နှင့်သူမအား အပြစ်သားသဖွယ် ကြည့်နေကြကာဆိုဖာပေါ်တွင်ထိုင်နေကြသော သူများကိုတွေ့လိုက်ရသည်။

ရွှီရှင်းရုန်က ရွှီရှီယန်ကိုတွေ့သောအခါ အပြေးလာကာ လက်မောင်းကိုတွဲလိုက်ပြီး ကြင်နာစွာဆိုလေသည်။

"ယန်ယန် ညီမလေးအိမ်ကိုပြန်လာတာကောင်းတယ် ဒီမှာ ဖွားဖွားရော ဖေဖေမေမေတို့ရော ညီမလေးကိုစိုးရိမ်နေကြတာ အခုပဲ သူတို့ကိုရှင်းပြလိုက်တော့လေ''

ရွှီရှီယန် သည် ရွှီရှင်းရုန်ကိုလျစ်လျူရှုလိုက်ပြီး ဘာမှမသိသလိုနှင့်ပြန်မေးလိုက်သည်။

"ဘာကိုရှင်းပြရမှာပါလိမ့်??''

ရွှီကျင်းရှန်းဟန်မဆောင်နိုင်တော့ပေ။ စားပွဲကိုဝုန်းခနဲရိုက်ကာ ကျိန်ဆဲတော့သည်။

"သန္ဓေဆိုးလိုက်တဲ့ကောင်မ''

ရွှီရှီယန်သည် အပြစ်ကင်းစင်သည့်အကြည့်လေးဖြင့်...

"မျိုးဗီဇဆိုင်ကာရှူထောင့်ကနေကြည့်မယ်ဆိုရင် သမီးကသန္ဓေဆိုးတဲ့ကလေးဆိုတော့ အဖေက အဖေ့ကိုယ်အဖေ နတ်ဆိုးအိုကြီးလို့ ကျိန်ဆဲလိုက်သလိုဖြစ်မသွားဘူးလားဟင်''

"မင်းက တကယ်ပဲ...သောက်ကျိုးနည်းကောင်မပဲ''

ရွှီကျင်းရှန်း သွေးအန်လုနီးပါးဖြစ်သွားသည်။

"ဘာလို့လဲဟင် သမီးပြောတာမဟုတ်လို့လား...မဟုတ်ရင်တောင် သမီးက ဟန်ဆောင်ကောင်းတဲ့တချို့လူတွေထက်တော့သာပါသေးတယ်''

ရွှီရှီယန် ဆုယွီကို စိုက်ကြည့်လိုက်သည်။

တမင်သက်သက် 'တချို့လူတွေ' ဆိုသည့်နေရာကို လူတိုင်းကြားအောင် ဖိပြောလိုက်သည်။

ဆုယွီသည် ကူကယ်ရာမဲ့ဖြစ်သွားသော်လည်း မျက်မှောင်ကျုံ့လိုက်မိသည်။ဒီနေ့ ​ဘာဖြစ်လို့ ရွှီရှီယန်ကိုကြည့်ရတာ သူနဲ့မတူသလိုခံစားနေရပါလိမ့်???

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now