36

1K 121 5
                                    

36#အနာဂတ်မှာ သူမကိုတွေ့ချင်တယ်#

မစ္စယင် သူ့ကိုအကြာကြီးစာပြန်မပို့ခဲ့တာက အကောင့်အဟက်ခံလိုက်ရလို့ကို...

မစ္စယင်ရဲ့အကောင့် မီးခိုးရောင်ကနေ အစိမ်းရောင်ပြောင်းသွားတာကိုမြင်လိုက်ရသောအခါ ဟော်ယွင်ရှန်း၏နှလုံးသားထဲတွင် အောင်ပွဲခံလိုက် မိသည်။

နောက်ဆုံးတော့...

နောက်ဆုံးတော့ သူ့ကိုအမှောင်ထဲကဆွဲထုတ်​
ပေးခဲ့တဲ့ သူ၊ သူ့ကိုအားအင်တွေပေးပြီး ဂရုစိုက်ပေးခဲ့တဲ့သူနဲ့ပြန်ဆက်သွယ်လို့ရခဲ့ပြီ...

ဟော်ယွင်ရှန်း ပြုံးလိုက်ပြီး အလျင်အမြန် စာပြန်ပို့လိုက်သည်။

[မစ္စယင် နောက်ဆုံးတော့ ကျွန်တော့်ကိုစာပြန်ပို့ခဲ့ပြီပေါ့။ ကျွန်တော်အခု တော်တော်လေးအဆင်ပြေနေပါတယ်။ ကျွန်တော့်မှာ ကိုယ်ပိုင်စီးပွားရေးတစ်ခုနဲ့ ဝါသနာတွေရှိနေပြီ။ ကျွန်တော်အချိန်အကြာကြီးရှာဖွေနေခဲ့ရတဲ့ မိန်းကလေးကိုလဲ ပြန်တွေ့ခဲ့ပြီ။ ကျွန်တော့်ဘဝက စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေပြီ။ကျွန်တော့ကို အားပေးကူညီခဲ့ပြီး ကျွန်တော်အလိုအပ်ဆုံးအချိန်မှာရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းထပ်ပြောပါရစေ။ တကယ့်ကိုကျေးဇူးတင်ပါတယ်ဗျာ]

အချိန်အနည်းငယ်ကြာပြီးနောက် မစ္စယင်ထံမှပြန်စာရောက်လာသည်။

[ဂုဏ်ယူပါတယ်ရှင် ကျွန်မဆုတောင်းပေးနေပါ့မယ် ရှင် သေချာပေါက်ကိုပြန်ကောင်းလာမှာပါ အားတင်းထား Wing]

[ကျေးဇူးတင်ပါတယ် 😊]

ဖုန်းကိုချပြီးနောက် ဟော်ယွင်ရှန်း ရင်တလှပ်လှပ်ခုန်နေဆဲပင်။နောက်ဆုံးတော့ မစ္စယင်နဲ့ စကားပြန်ပြောနိုင်ခဲ့လေပြီ။အဲ့ဒါက သူတစ်ယောက်ထဲအထီးကျန်နေရတာထက် ပိုကောင်းသည်။ခရီးရှည်ကြီးကိုကျော်ဖြတ်ပြီးတဲ့နောက် သူနဲ့မျှဝေခံစားနိုင်တဲ့ သူငယ်ချင်းတစ်ယာက်ရရှိခဲ့လေပြီ။

ဟော်ယွင်ရှန်း သူ့ကိုယ်သူတွေးလိုက်မိသည်။

တစ်နေ့နေ့ ငါလမ်းပြန်လျှောက်နိုင်တဲ့အချိန်ရောက်ရင် သူမကိုသေချာပေါက် သွားတွေ့ရမယ်...

အဖိုးတန်လေးရဲ့ဖေဖေကြီးWo Geschichten leben. Entdecke jetzt