23

1.5K 184 1
                                    

23#သူ့ပိုင်နက်ကို ခင်တွယ်လွန်းသူကြီး#

ရွှီရှီယန် ရေချိုးခန်းသို့ရောက်သောအခါသူမအတွက်ပြင်ဆင်ထားသည့်သန့်စင်ခန်းသုံး ပစ္စည်း အပြည့်စုံကိုတွေ့ရသဖြင့် သူမအံ့သြသွားသည်။

ဝိုး ... ဒီလိုဝန်ဆောင်မှုမျိုးကိုကြယ်ငါးပွင့်အဆင့်ရှိတဲ့ဟိုတယ်မှာပဲတွေ့နိုင်လိမ့်မယ်...

တကယ့်ကိုစဥ်းစားပေးတတ်လွန်းတာပဲ...ကိုယ့်လူရေ...ရင်ထဲမှာနွေးသွားတာပဲ...

ဆန့်ကျင်ဘက်အနေနဲ့ သူက ရွှီကျင်းရှန်း နဲ့ ချူယွီဟော် တို့ရဲ့ ထောက်ပံ့သူကြီးဖြစ်နေတာ တော်တော့်ကိုဆိုးဝါးတဲ့အချက်ပဲ...
သူမ သူ့လိုရည်းစားမျိုးလိုချင်လုနီးပါးပင်။

Xu Xiyan သည်အပြာရောင်အနားနှင့် ဗွီပုံစံလည်ပင်းရှိသော ရှပ်အင်္ကျီနှင့် ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီတို့ပါသော အိတ်တစ်လုံးကို ရေချိုးခန်းကောင်တာပေါ်တွင်တွေ့ရှိခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့သည်သာမန်အဝတ်အစားများလိုပင်။ တံဆိပ်များကိုဖယ်ရှားပြီး ဖြစ်၍ စျေးနှုန်းများကိုသူမ မသိရှိနိုင်တော့ပါ။

သို့သော်လည်း ရွှီရှီယန်၏မျက်လုံးများသည် အဆင့်မြင့်ဖက်ရှင်များကိုမြင်နိုင်စွမ်းရှိလေသည်။ အင်္ကျီချုပ်ရိုးကြောင်းရှိ 'Lord' ဟူသောအမှတ်တံဆိပ်ကိုသတိပြုမိသွားသည်။

၎င်းသည်အီတလီဇိမ်ခံပစ္စည်းအမှတ်တံဆိပ်ဖြစ်ပြီးသူတို့၏ဒီဇိုင်းအတွေးအခေါ်မှာ 'လူကြိုက်များသောဘုရင်တစ်ပါးသည် အလိုရှိရာကိုလုပ်ဆောင်နိုင်သည််' ဟူ၍ ဖြစ်သည်။

ရိုးရိုးရှင်းရှင်းလေးထင်ရသော်လည်းရှပ်အင်္ကျီတန်ဖိုးမှာ ဂဏန်းငါးလုံးအောက်မလျော့ပေ။ ရွှီရှီယန် သည် 'Lord' ၏ဒီဇိုင်းပုံစံကို တကယ်​ကြိုက်သည်။ တစ်ခါက သူမဝတ်ကြည့်ခဲ့ဖူးသောကြောင့် သူမနှင့်တိုင်းချုပ်ထားသလိုကွက်တိကျပြီးလိုက်ဖက်ကြောင်းသိခဲ့ရသည်။

ရွှီရှီယန်သတိရသွားသည်။ အဲလ်ဗစ်  ၏သမားရိုးကျမဟုတ်သည့်တီရှပ်နှင့်ပါးလွှာသောပုံစံများသည်အလွန်စတိုင်ကျလှသည်မှာ အံ့သြစရာမရှိတော့...သူတို့ကလဲ Lord Brand မှဖြစ်သည်။

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now