19

1.5K 192 5
                                    

19#ဘုရားသခင်စီစဥ်ပေးတဲ့ အံသြစရာလက်ဆောင်#

သူမဖုန်းအသံသွင်းတာကိုပိတ်လိုက်ပြီး နူးညံ့သိမ်မွေ့ကာ ရှက်တတ်သည့်ဟန်လုပ်လိုက်သည်။ သူ့ရင်ဘတ်ကို တမင်သက်သက် လက်ချောင်းဖြင့် ပွတ်သပ်လိုက်ပြီး လက်ဖက်စိမ်းတော့သည်။

"ယွီဟော် ကျွန်မတို့အကြာကြီးဝေးနေခဲ့တာ ကျွန်မရှင့်ကိုသိပ်လွမ်း​တာပဲ...ရှင်ကျွန်မကို လိုချင်ရဲ့လား''

"ယန်ယန်...ကိုယ်...''

သူမမျက်လုံးများ မှေးစင်းနေပြီး သူမရည်ရွယ်ချက်ကရှင်းနေသည်။ ချူယွီဟော် နှာခေါင်းသွေးလျှံတော့မည်...

"ရှင် ကျွန်မကိုလိုချင်ရင် အကုန်ချွတ်လိုက်တော့လေ''

ရွှီရှီယန်တိုက်တွန်းလိုက်သည်။

"အို့ အို...''

ချူယွီဟော် မတရားပျော်ရွှင်နေလေသည်။ ရွှီရှီယန်က သူ့ကိုအခုထိချစ်နေပြီး ဒီနေရာမှာ သူ့ကို ဒီလိုတောင်းဆိုလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့မိပေ။ ဆက်ဖြစ်လာမဲ့အရာကိုကြိုတွေးမိချိန်တွင် သူ့ကိုယ်သူ ကမ္ဘာကြီးရဲ့ထိပ်ဆုံးမှာရှိနေသည်ဟု ခံစားလိုက်ရသည်။

ချူယွီဟော်အများကြီးတွေးမနေတော့ဘဲ ဂျက်ကက်အင်္ကျီနှင့်ဘောင်းဘီရှည်ကိုချွတ်ပစ်လိုက်သည်။

ဘောင်းဘီရှည် သူ့ခြေထောက်အောက်ကိုရောက်သွားသောအခါ မမျှော်လင့်ထားသော လက်သီးထိုးချက်များက သူ့မျက်နှာပေါ်သို့ပြင်းပြင်းထန်ထန်ကျရောက်လာတော့သည်။

ထို့နောက် ကောင်းကောင်းရိုက်နှက်ပစ်လိုက်သောကြောင့် ချူယွီဟော်တစ်ကိုယ်လုံး ယောင်ရမ်းလာပြီး သွေးဖြိုင်ဖြိုင်ထွက်လာတော့သည်။

"အားးးးးးးးးးးး''

ချူယွီဟော်ထွက်ပြေးချင်ပေမဲ့ သူ့ဘောင်းဘီက ကျွတ်နေပြီး ကြမ်းပြင်ပေါ်ပြုတ်ကျနေသည်။

ရွှီရှီယန်၏မျက်လုံးထဲတွင်အမုန်းတရားတို့ပြည့်နှက်နေသည်။ စားပွဲပေါ်မှဘီယာပုလင်းတစ်လုံးကိုဆွဲယူလိုက်ပြီး ပုလင်းဖင်ကိုစားပွဲစောင်းနှင့်ရိုက်ခွဲလိုက်သည်။ ချွန်ထက်နေသောပုလင်းကွဲဖြင့် သူ့တင်ပါးကိုထိုးပစ်လိုက်သည်။

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now