11

1.7K 217 7
                                    

11#ချစ်ဖို့ကောင်းချက်ကတော​့ သဘာဝလွန်ပဲဗျို့#

ငါးနှစ်ကြာပြီးနောက်...

ဘေကျင်းလေဆိပ်တွင် ပန်းထိုးထားသည့် သနပ်ခါးရောင် တာဒါရှီရှိုဂျီ နွေရာသီဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးနှင့် ဆင်တူဝတ်စုံငယ်လေးကိုဝတ်ဆင်ထားသော ကလေးမလေးတို့ ထွက်ပေါ်လာသည်။

အမျိုးသမီးမှာ ခန္ဓာကိုယ်သွယ်သွယ်နှင့် အလွန်လှပပြီး သူမ၏မျက်နှာသည် ယဥ်ယဥ်ကလေးနှင့်သိမ်မွေ့သည့်မျက်နှာပေါက်မျိုးဖြစ်သည်။ ရှည်လျားလှသောဆံနွယ်များကိုနောက်ကျောတွင်ဖြန့်ချထားပြီး မြင်သူတိုင်းငေးရသည့်အလှပိုင်ရှင်တစ်ဦးဖြစ်သည်။

ဖြောင့်စင်းသောချစ်စဖွယ်ဆံမြိတ်ကလေးများနှင့် ပန်းသွေးခြယ်မျက်နှာကိုပိုင်ဆိုင်ထားသော ကလေးမလေး၏ မဟူရာရောင်မျက်ဝန်းကလေးများသည် ကြယ်ပွင့်လေးများသဖွယ်တောက်ပနေသည်။သူမလေး ပြုံးလိုက်သောအခါ ချစ်စဖွယ် သွားသေးသေးလေးများနှင့်အတူ ပါးချိုင့်ငယ်လေးပေါ်လာသည့်ပုံစံမှာ ချစ်စဖွယ်ကောင်းလှသည်။

အရွယ်ရောက်ပြီးသား မိန်းမငယ်တစ်ဦးနှင့် ကလေးငယ်လေးတို့မှာ လူတိုင်း၏အာရုံကိုဖမ်းစားသွားသည်။ဘေးလူများ၏အမြင်တွင် စူပါစတားတစ်ဦးက သူမ၏ကလေးကို တရုတ်နိုင်ငံသို့ခေါ်ဆောင်လာသည်ဟု ထင်မှတ်စရာပင်။

ရွှီရှီယန်သည် သူမ၏ခရီးဆောင်အိတ်ကိုဆွဲကာ သူမ၏သမီးငယ်လေး ယင်းပေါင် ကိုခေါ်ဆောင်လျက် ရှေ့သို့လျှောက်လှမ်းလာလေသည်။

သူမတို့ ခပ်ဝေးဝေးမသွားရသေးမှီ အိတ်တစ်ထုပ်ပြုတ်ကျသွားပြီး ပစ္စည်းများကကြမ်းပြင်ပေါ်တွင်ပြန့်ကြဲသွားတော့သည်။ထို့ကြောင့် သူမ ထိုင်၍ ပစ္စည်းများအားပြန်ကောက်ထည့်ရတော့သည်။

ယင်းပေါင် သည် ခရီးဆောင်အိတ်၏ အကြီးဆုံးဘီး ပေါ်တွင်ထိုင်ကာ လေဆိပ်အတွင်းသွားလာနေကြသော ခရီးသည်များကိုငေးကြည့်နေလေသည်။ သူမ၏အနက်ရောင်မျက်လုံးဝိုင်းကလေးများကို ပုတ်ခတ်ပုတ်ခတ်နှင့်ကြည့်နေစဥ် ဆန့်ကျင်ဘက်အရပ်မှ လူတစ်စုလာနေသည်ကိုတွေ့လိုက်ရတော့သည်။

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now