16#ရင်းနှီးနေတဲ့မျက်နှာ#
ဟော်ယွင်ရှန်းလို အမြဲအထီးကျန်နေတတ်တဲ့သူတစ်ယောက်အနေနဲ့ ဆန့်ကျင်ဘက်လိင်ဖြစ်သော မိန်းမများနှင့် ပြောဆိုဆက်ဆံမှုမရှိသလောက်နည်းသည်။ ရွှီရှီယန်သည်သာလျှင် သူ၏အထီးကျန်ကမ္ဘာထဲသို့ မတော်တဆဝင်ရောက်လာသည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။
လွန်ခဲ့တဲ့ ငါးနှစ်၊ အဲ့ဒီညတွင် သူမကို နက်နက်ရှိုင်းရှိုင်းချစ်မိသွားသည်။ သူမဆီကို သွားဖို့အဆင်သင့်ဖြစ်ပြီဆိုသည့်အချိန်ရောက်မှ သူမနိုင်ငံခြားထွက်သွားသည့် သတင်းဖြင့် သူ့အားစပရိုက်လုပ်ပစ်လိုက်သည်။
သူမနောက်သို့လိုက်ရန် လေဆိပ်သို့သွားရာလမ်းတွင် သူကားမတော်တဆမှုဖြစ်ကာ ကျောရိုးထိခိုက်ဒဏ်ရာရပြီး အောက်ပိုင်းသေသွားခဲ့သည်။ ထို့နောက် သူ့မှာ ဝှီးချဲကိုသာအားကိုးနေရတော့သည်။
သူ့ဘဝအတွက်အခက်ခဲဆုံးနှင့် ဒုက္ခအရောက်ဆုံးအချိန်တွင် ရွှီရှီယန်ကို ချစ်နေသောစိတ်ကြောင့်သာမဟုတ်လျှင် ယခုအချိန်ထိ တောင့်ခံနိုင်မည်မဟုတ်ပါ။
နှစ်တွေကြာပြီးတာတောင် သူမကိုမေ့မရနိုင်ခဲ့ပေ။ ယခုဆိုလျှင် ငါးနှစ်ပြည့်ခဲ့လေပြီ....
နောက်ဆုံးမှာ သူမအကြောင်းသတင်းရလာသော်လည်း ထိုသတင်းသည်အတုသာဖြစ်နေခဲ့သည်။
ထိုသို့သာမန်ကိစ္စလေးသည် သူ့အားမယုံနိုင်လောက်အောင်နာကျင်စေခဲ့သည်။
"ထားလိုက်ပါတော့''
ဟော်ယွင်ရှန်း၏ မှောင်မိုက်သောမျက်ဝန်းနက်ထဲတွင် မသိမသာစိတ်ပျက်သွားသည့်အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။ သူ့လက်ထဲမှ ရီမုကိုနှိပ်ပြီး ဝှီးချဲဖြင့်ဗွီအိုင်ပီခန်းထဲမှထွက်သွားတော့သည်။
ယခုအချိန်တွင် ဟော်ယွင်ရှန်း၏ ခံစားချက်ကို ဘယ်သူမှမသိနိုင်ပေ။သူ သူမကိုစောစောသွားရှာခဲ့သင့်သည်။
အဲ့ဒီလမ်းမှာသာ ကားမတော်တဆမှုမဖြစ်ခဲ့ဘူးဆိုပါက သူမအား သူ့လွှမ်းမိုးမှုအောက်တွင် သိမ်းထားနိုင်လိမ့်မည်။
YOU ARE READING
အဖိုးတန်လေးရဲ့ဖေဖေကြီး
RomanceName>>Priceless baby's super daddy Translator>>Flamingo(me😁) သူဆိုတာ လိုချင်တာအားလုံးကိုရနိုင်တဲ့ ဖျော်ဖြေရေးလောကရဲ့ဘုရင်တစ်ပါး။ နှစ်ပေါင်းများစွာ singleဖြစ်နေပြီး အရှုပ်အရှင်း ကင်းတဲ့သူ... တစ်နေ့မှာ အမျိုးသမီးတစ်ယောက်နဲ့ မိန်းကလေးငယ်လေးတစ်ယောက် သူ...