14
.
.
ဒီနေ့က မင်္ဂလာပွဲနေ့ပါပဲ။ဝါလကင်းလွတ်ပြီဖြစ်သလို ရက်လည်းကောင်းတာ
ကြောင့် လူကြီးတွေကရွေးချယ်လိုက်ခြင်း။မနက်လေးနာရီထကာ ဆွမ်းချက်၍ ဘုန်းကြီးကျောင်းသို့ဆွမ်းချိုင့်ပို့ပြီးအပြန်မှာ ခြံဝင်းထဲကားရောက်ပြန်ပြီ။
ငါးနာရီလောက်သာရှိသေးတာကြောင့်ကြက်တွန်သံတွေညံနေသလိုအလင်းရောင်လည်းမတိုးသေး။
Solar မီးက လျှပ်စစ်မီးလောက်မလင်းထိန်သော်လည်း မီးအိမ်ထက်တော့သာသည်။
ဧည့်သည်တွင်ထိုင်နေသည့် ဦးလွှမ်းဝဏ္ဏထည်က သွေး ကိုတွေ့တော့အဝတ်အိတ်တစ်ခုကမ်းပေးလာသည်။
"သွားလဲကြည့် မင်းနဲ့တော်မယ်ထင်တာပဲ''
"ဟုတ်ကဲ့''
အဖြူရောင်စတစ်ကော်လံရှပ်အင်္ကျီကိုမှသွေး တို့ရိုးရာ ပုဆိုးမိုးသားရောင်အပြာလေးနှင့်တွဲဖက်ထားသည်။
ဦးလွှမ်းဝဏ္ဏထည် ကလည်း သွေးလိုပဲဝတ်ဆင်၏။
မင်္ဂလာပွဲကတော့ရိုးရှင်းပါသည်။
လူကြီးမိဘတွေရှေ့လက်မှတ်ရေးထိုးပြီးဆုံးမ သြဝါဒ ခံယူသည်။
နေ့ခင်းမှာတော့ရွာရှိဘုန်းကြီးကျောင်းတွင်ဆွေမျိုးအပေါင်းသင်းတွေနဲ့အတူဆွမ်းကပ်ပြီးတရားနာသည်။
ခမ်းခမ်းနားနားမဟုတ်ဘဲ အကျဥ်းချုပ်လေးသာကျင်းပသော်လည်း အဓိပ္ပါယ်လေးကလှပသည်။
ရာသီဥတုကလည်းသာယာနေသည်။
ဦးလွှမ်းဝဏ္ဏထည် ကိုမြင်တွေ့ချင်သည့်ရွာသားတွေကအရမ်းများနေတော့ ခြံစည်းရိုးအားတစ်ချိန်လုံးဖွင့်ထားရသည်။
ဧည့်ခန်းတွင်သွေးနဲ့ဦးလွှမ်းဝဏ္ဏထည်ကကပ်ရက်ထိုင်၍အရှေ့မှာတော့ ရွာကလူကြီးတွေရှိနေကာအရမ်းဖော်ရွေသောအခါ တော်ရုံနဲ့စကားဖြတ်လို့ရမှာမဟုတ်။
ဦးလွှမ်းဝဏ္ဏထည် ငြိုငြင်မှာစိုးရိမ်မိသော်လည်း အထင်နဲ့အမြင် ကွဲပြားစွာဦးလွှမ်းဝဏ္ဏထည် သည် ရွာကလူတွေနဲ့ပြောပြောဆိုဆိုရှိသည်။
YOU ARE READING
အဖြူရောင်စာမျက်နှာ(Complete)
Romanceကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ