28

6.5K 592 30
                                    

28

.
"သားလေး သားလေး! "

ခေါ်သံနှင့်အတူ လက်မောင်းတစ်ဖက်အား
ဆွဲလှုပ်ခံလိုက်ရတာကြောင့် သွေး အိပ်ရာကဆတ်ခနဲ ထလိုက်လေသည်။

ကြည့်လိုက်တော့ ဒေါ်နှင်းပဲ။
မျက်ဝန်းဟာလည်း စိုးရိမ်မှုအပြည့်နဲ့ဖြစ်နေသည်။

"ဘာလို့လဲဗျ?''

"ဒေါ်နှင်း ဘုရားပန်းလဲနေရင်း သားလေးငိုသံကြားလို့ပြေးဝင်လာတာ ကလေးကအိပ်ရင်းနဲ့ထငိုတာကိုး ကြည့်ပါဦး တစ်ကိုယ်လုံး မှာ ချွေးစက်တွေနဲ့''

ဒေါ်နှင်း သည် သွေးတစ်ကိုယ်လုံးကိုလိုက်လံကြည့်ရှူကာ ဖြစ်နေသမျှပြောပြီး
ဗီရိုထဲက ပုဝါတစ်ထည်ဖွင့်ယူလေသည်။

နဖူးပြင်ကအစလက်ကအဆုံး စို့နေသော ချွေးစက်တွေအကုန်လုံးကို ဒေါ်နှင်းက ညင်သာစွာ လိုက်၍သုတ်ပေးလေသည်။

အိပ်မက်ထဲကျောခိုင်းသွားသောဦးကိုယောင်၍အော်ခေါ်နေရာမှ ငိုချလိုက်ကာ
အပြင်ထိပါ အသံပေါက်ထွက်ကုန်သည်။

"ကျွန်တော်အဆင်ပြေပါတယ်ဗျ''

"အင်း သားလေး ဒေါ်နှင်းထမင်းပြင်ထားတော့မယ် ရေချိုးပြီးရင်ဆင်းလာနော်
သားလေး''

"ဟုတ်ကဲ့ဗျ''

စားပွဲပေါ်ကနာရီ၌ အချိန်ကား မနက်ခြောက်နာရီရှိနေပြီဖြစ်သည်။

ကျောင်းသွားဖို့မရှိသော်ငှား အလုပ်ကသွားရမယ်။

အိပ်မက်ကိုတော့ အိပ်မက်လို့သာ သဘောထားတော့မည်။

ဆက်၍တွေးတောပါက ထပ်ပြီး ပြိုလဲနေတော့မည်ဖြစ်သည်။

တဘတ်ကြီးတစ်ထည်အားပခုံးပေါ်တင်ကာ ရေချိုးသန့်စင်ဖို့ သွေး ရေချိုးခန်းထဲဝင်လိုက်တော့သည်။

နောက် အလုပ်သွားဖို့အကုန်ပြင်ဆင်ပြီးသည်နှင့် ကားသော့နှင့်ပိုက်ဆံအိတ်ကိုဆွဲကာ အောက်သို့လျှောက်လာလိုက်သည်။

ထမင်းပွဲတွင် ဒေါ်နှင်းပြင်ဆင်ထားတာတွေအကုန်လုံးဟာ ပုံမှန်အနေထားဆို
အတော်လေးစားချင်စဖွယ်ကောင်းမယ်ဖြစ်သော်လည်း အခု သွေးကာ ဘာမှကိုစားချင်စိတ်မရှိ။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now