29

6.4K 582 16
                                    

29

.
.
"WOW ချောလိုက်တာ!''

အနီရောင်ရှပ်လက်ရှည်နဲ့အနက်ရောင်ဘောင်းဘီရှည်ကိုတွဲဖက်ဝတ်ဆင်ထားခြင်းကြောင့် နဂိုဖြူနေတဲ့အသားကပို၍ဖြူဝင်းလာသည်။

ကုမ္ပဏီသို့ဝင်လိုက်သည်နှင့်အကြည့်တော်တော်များများ သွေးဆီသာဦးတည်နေလေသည်။

ဦးဝယ်ပေးထားတဲ့အဝတ်အစားတွေထဲက တစ်စုံကိုဝတ်ထားခြင်းဖြစ်သည်။

"Morning မောင်လေး''

"ဟုတ်ကဲ့ Morning ပါဗျ''

ရုံးခန်းထဲဝင်တော့ စားပွဲကပန်းအိုးတွင်ပန်းအသစ်လဲနေသည့်အစ်မနောရီကထုံးစံအတိုင်းနှုတ်ဆက်လာလေသည်။

အဖြူရောင်ပန်းအိုးတွင် ဆူးတွေနဲ့ဖြစ်နေသော နှင်းဆီအနီလေးတွေကို သွေးကိုင်ကြည့်မယ်လုပ်တော့ နှင်းဆီပန်းလေးကလက်မခံချေ။

သွေးလက်အား သွေးထွက်အောင်စူးလေတော့သည်။

"ဟယ် ရရဲ့လားမောင်လေး အစ်မဆူးတွေဖယ်ဖို့မေ့သွားတယ်''

"ရပါတယ်ဗျ တစ်ခုခုကိုလိုချင်ရင် အရင်
စွန့်စားရတယ်တဲ့ ဦးပြောခဲ့တဲ့စကားပါဗျ''

"ဟုတ်တယ်မောင်လေး မစွန့်စားဘဲရတဲ့အရာတွေကလောကမှာအရမ်းရှားတယ်''

ဆူးကြောင့်ပေါက်သွားသောလက်ကလေးဟာ သွေးစက်သေးသေးထွက်လို့လာသည်။

မဆင်ခြင်ဘဲလုပ်လိုက်တာကြောင့်ပေးဆပ်ရခြင်းလို့သာ သွေး သင်ခန်းစာအဖြစ်မှတ်ယူလိုက်လေသည်။

ဒီရက်မှာပထမဆုံးရက်ထက်တော့ပို၍အဆင်ပြေလာတယ်ပြောရမယ်။

အစ်မနောရီလာပေးထားသောဖိုင်တွေကို
သတိကြီးကြီးနဲ့မြန်မြန်ဖတ်ပြီး လက်မှတ်ထိုးလိုက်လေသည်။

"Meeting မောင်လေး''

အချိန်ကားတကယ်ကုန်တာမြန်လွန်းသည်။
သွေးရောက်တာဘယ်နှစ်နာရီမှမရှိသေး
Meeting ချိန်ကရောက်လို့လာပြီ။.

သို့သော်ပထမနေ့နဲ့မတူသည့်အရာတစ်ခုဟာ လက်မှတ်ထိုးစရာရှိတာတွေကို အကုန် ထိုးလို့ ပြီးသွားခြင်းဖြစ်လေသည်။

အဖြူရောင်စာမျက်နှာ(Complete) Opowieści tętniące życiem. Odkryj je teraz