Extra(5)

2.6K 156 3
                                    

Extra(5)

ဘိုဘို့ဒေါ်လေးအိမ်တွင်ဖြစ်သည်။

ဘိုဘို့ဒေါ်လေးက တောင်ကြီးရောက်နေတာတစ်လကျော်ရှိပြီဖြစ်သည်။သူမ မရှိမှ အခုလို ရုန်းရင်းဆန်ခတ်ဖြစ်သွားပုံကိုထောက်လျှင် ဘိုဘို့မေမေက
သူမ မရှိတဲ့အချိန်ကိုတမင်ကွက်ရွေးထားတာပဲဖြစ်ရမည်။ 

သူမကား တူ တူမတွေအပေါ်မေတ္တာကြီးသူဖြစ်မည်။ သတင်းကြားတာနဲ့ချက်ချင်းပြန်ရောက်ချလာသည်။

သူမ သည်ကိုပြန်ရောက်ချိန်ကား သန်းခေါင်ယံ ကျော်နေပြီဖြစ်သည်။ အနားမယူပါဘဲ ဒေါင်းကို ဆက်သွယ်ပြီး သူ့အိမ်လာစေခဲ့သည်။

Daddyပါ ဒေါင်းနဲ့အတူအဖော်လိုက်လာပေးသည်။

ဘိုဘို့ကို သူ့မိဘထံ သွားရောက်တောင်းရမ်းမှာဖြစ်သည်။

Daddy ကမူ အဖြူရောင်တိုက်ပုံနဲ့ သူ့ကိုယ် ကိုယ်ပြန်ငုံ့ကြည့်ရင်းခပ်ဖွဖွရယ်သည်။
ပြီးသည့်အခါ အရှေ့မျက်နှာချင်းဆိုင်တွင်
လာထိုင်သည့် ဘိုဘို့ဒေါ်လေးနှင့် စကားစတင်လေသည်။

"အမှန်ဆိုရင် သားအတွက်သတို့သမီးတောင်းရတာဗျ အခုက သားအတွက်သတို့သားတောင်းဖို့ဖြစ်နေတယ်
နည်းနည်းတော့ရှက်စရာကောင်းနေတယ်ဗျ''

"အမလေး နည်းနည်းမဟုတ်ပါဘူးတော်
တကယ်ကိုအများကြီးရှက်ရတာ ဖြစ်နိုင်ရင် ခေါင်းတစ်ခုလုံးကို ပလတ်စတစ်အိတ် အမဲနဲ့ကိုစွပ်ထားချင်တာ''

ဘိုဘို့ဒေါ်လေးက ဟာသနှောကာပြောနေတော့ ဒေါင်းတို့သားအဖနှစ်ယောက်ပြိုင်တူရယ်လိုက်မိသည်။

သေချာတွေးကြည့်သည့်အခါ Daddyတို့ပြောသလို အနည်းငယ်ရှက်ဖို့ကောင်းနေသည်။သို့သော် ဒေါင်းကတော့မရှက်ပါ။ ဘိုဘို့ကိုအမြန်ဆုံးတွေ့ချင်လှပြီ။

တစ်လကျော်ကျော်ဝေးကွာနေရတဲ့အချိန်က မိမိအတွက်တော့ အနှစ်ရာချီဖြစ်နေသည်။ ဖုန်းနဲ့တောင်အဆက်အသွယ်မရှိတာကြောင့် လွမ်း​ဆွတ်မှုက တကယ်ကိုရူးမတတ်ဖြစ်သည်။

ကူညီပေးတဲ့ Daddyနဲ့ဘိုဘို့ဒေါ်လေးကိုဒေါင်းအားနာသလို ကျေးဇူးလည်းတင်သည်။ ချစ်တဲ့သူကိုတောင်းရမ်းပွဲမှာလူကြီးတွေကပါတော့ပိုပြီး ကျက်သရေရှိ၏။

အဖြူရောင်စာမျက်နှာ(Complete) Donde viven las historias. Descúbrelo ahora