Unicode
.
.
.
နိုးကတည်းကအခုထိမိုးဖွဲဖွဲလေးတွေရွာနေတာမရပ်သေး။မိုးရွာရုံလောက်ဆိုသွေးမကြောက်။
မနက်အစောကြီးမို့ချမ်းတုန်နေရသည့်အပြင်ကျောင်းသွားရတော့မှာမို့ရေထိသွားမှာလည်းစိုးရပြန်သည်။
မိုးရွာနေသည်မို့ကျောင်းသွားရမှာပျင်းရိလာသလိုပင်။
ဒါကတော့သွေးရဲ့မကုန်နိုင်သေးတဲ့ ငယ်ငယ်တည်းက
အကျင့်ဖြစ်သည်။မနက်စာစားသုံးပြီး၍ ကျောင်းရှေ့ထိဦးလွှမ်းဝဏ္ဏထည် ကလိုက်ပို့ပေးသည်။
ချမ်းစိမ့်စိမ့်ဖြစ်နေသည်မို့သွေးအနွေးထည်ပါဝတ်လာသေးသည်။
ကားပေါ်ကဆင်းသည့်အခါ ဦးလွှမ်းဝဏ္ဏထည် ကရှေ့ကအရင်ဆင်း၍သွေးအတွက်ကားတံခါးဖွင့်ပေးသည့်အပြင်ထီးလည်းမိုးပေးပြန်သည်။
"ခဏ ''
"ဟုတ်ကဲ့''
"ရော့ ထီးကိုင်ထား''
ဦးလွှမ်းဝဏ္ဏထည် ကမ်းပေးလာသောထီးအားယူ၍
နှစ်ယောက်လုံး မိုးမစိုစေရန်သတိထားရသည်။နောက် ဦးလွှမ်းဝဏ္ဏထည်က သူ့ဝတ်ထားသောအပေါ်ကုတ်အားချွတ်ပြီး သွေးအပေါ်လွှမ်းခြုံပေးလာသည်။
"ဒီနေ့မိုးကတော်ရုံနဲ့ရပ်မှာမဟုတ်ဘူး ''
"ဟုတ်ကဲ့''
ဦးလွှမ်းဝဏ္ဏထည်ရဲ့ကုတ်အရှည်ကသွေး
ခြေသလုံးနားထိရောက်နေသည်မို့ မိုးအေးလို့အေးမှန်းသွေးသိမယ်မထင်တော့ပါ။အနွေးထည်နှစ်ထပ်နှင့်သွေးကိုကျောင်းကလူတွေဝိုင်းပြူးကြမှာ ကျိန်းသေ။
"ဒါက ရေနွေး သတိထားသောက် လောင်သွားမယ်''
"ဟုတ်ကဲ့''
ဦးလွှမ်းဝဏ္ဏထည် နောက်ထပ်ပေးလာတဲ့အရာက ၂၄နာရီလုံးအပူခံသည့်ရေနွေးဘူးပါပဲ။
ဦးလွှမ်းဝဏ္ဏထည်ကထိုရေနွေးဘူးကိုသွေးအိတ်ထဲထည့်ပေးလာသည်။
"အထဲဝင်တော့''
"ဟုတ်ကဲ့ ဦးကားထဲအရင်ဝင်ဗျ''
"အင်း''
မိုးစိုမှာစိုးသည်မို့ ဦးလွှမ်းဝဏ္ဏထည် ကားထဲရောက်မှသာ သွေးကျောင်းထဲလျှောက်လာလိုက်သည်။
KAMU SEDANG MEMBACA
အဖြူရောင်စာမျက်နှာ(Complete)
Romansaကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ