36

7.5K 590 19
                                    

36

.
.
သောကြာနေ့ သွေးအလုပ်ပိတ်ရက်မရောက်ခင် အလုပ်ဆင်းရသည့်နေ့ဖြစ်သည်။

ညနေသုံးနာရီတွင် ရုံးခန်းထဲ ဒေါင်းလိုက်လာတာကြောင့် အလုပ်တွေခဏဖယ်ထားရသည်။

ဒေါင်းလာသည့်အချိန်ဟာMeeting ပြီးတဲ့အချိန်မို့ အေးဆေးစကားပြော၍ရသည်။

စာမေးပွဲနီးနေတာကြောင့် ဒေါင်းက
အဓိကထားလုပ်ရမည့်ဘာသာရပ်တစ်ခုစီ၏အပိုင်းတွေကို သွေးကျက်ရလွယ်ဖို့ လာရောက်ပြောပြခြင်းဖြစ်ပေသည်။

ဒေါင်းလိုသူငယ်ချင်းကောင်းရထားတာသွေးအတွက်တော့ အင်မတန်ကိုမှကံကောင်းလှသည်။

ငယ်ငယ်တည်းကယခုအချိန်ထိသေချာပေါင်းဖြစ်တဲ့သူငယ်ချင်းဆိုလို့ဒေါင်းတစ်ယောက်သာရှိသည်။ပေါင်းလာတာရှိပေမယ့်ယခုချိန် အားလုံးကသူစိမ်းလိုဖြစ်နေသည်။

"မင်းငါ့ကိုဘိုဘိုနဲ့မိတ်ဆက်ပေးမယ်ပြောထားတယ်နော် ဒေါင်း''

စာပိုင်းကိစ္စရှင်းသည့်အခါ မတွေ့ရတာကြာတော့ တွေ့သည်အချိန်ခဏလေးမှာ စကားပြောဖြစ်သည်။

ဘိုဘို့ကိုမေးတော့ ဒေါင်းရဲ့မျက်နှာက
ချက်ချင်း ပျက်လုနီးနီးဖြစ်သွားသည်။

သို့သော် ချက်ချင်း ပြုံးလာပြန်တာကြောင့်လည်း သွေး ဒေါင်းကိုနားမလည်သည့်ပုံစံနဲ့သာကြည့်လေသည်။

"ဒီစာမေးပွဲပြီးရင် ငါ့အဖေအလုပ်တွေကိုဝိုင်းကူဖို့စဥ်းစားထားတယ်''

"စဥ်းစားမနေဘဲတကယ်လုပ် ဒေါင်း
အချိန်တန်ရင်မင်းဆက်ခံရမယ့်လုပ်ငန်းပဲ
မင်းအဖေရဲ့လုပ်ငန်းမို့မင်းပိုပြီးတန်ဖိုးထားရမယ် ဒေါင်း''

လူကြီးတစ်ယောက်ကဲ့သို့ရင့်ကျက်မှုများစွာနှင့် စကားဆိုလေသော သွေးကြောင့် ဒေါင်း စိတ်ရောကိုယ်ပါ ပြုံးမိသည်။

အသက်ချင်းတူပါသော်လည်း သွေးက ပိုပြီးတွေးခေါ်တတ်သည်။

ဦးလွှမ်းဝဏ္ဏထည် ရဲ့ပဲ့ပြင်ဆုံးမမှုတချို့တစ်ဝက်ကြောင့်လည်းဖြစ်နိုင်ပါသည်။

"သွားတော့မယ်သွေး မင်းလိုတာရှိရင်ပြော''

"အင်း ဂရုစိုက်ပြန်ဒေါင်း''

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now