18
.
.
ပုံမှန်နိုးလေ့ရှိသည့်မနက်လေးနာရီအချိန်။မျက်လုံးတို့ဖွင့်လာသည့်အချိန် ခါးမှဖက်တွယ်ထားသည့်လက်မောင်းကြီးကြောင့်ဖျတ်ခနဲကိုလန့်သွားမိသည်။
စိတ်လျှော့ကာလေပြင်းမှုတ်ထုတ်၍
ထမယ်လုပ်သော်လည်း လက်မောင်းကြီးကမဖယ်ပေး။"ဘယ်သွားမို့လဲ?''
နားထင်မှထွက်လာသောတိုးလျလျအသံ။
ဒါဆို ဦးလွှမ်းဝဏ္ဏထည်လည်းနိုးသွားပြီဆိုသည့်သဘော။
စောစောအိပ်ခိုင်းမှတော့ စောစောနိုးရောပေါ့။စိတ်ထဲက
ပြောလိုက်မိသော်ငြား ဦးလွှမ်းဝဏ္ဏထည်ကြားအောင်တော့ သွေးမပြော။ အိပ်ရာထခါစ စကားပြောရာမှာပျင်းတယ်ပြောရမလား။လက်မောင်းကြီးနှစ်ဖက်ကြားက အတင်းရုန်းကာထမယ်ကြံတော့ ဦးလွှမ်းဝဏ္ဏထည် ညစ်သည်။ ခြေထောက်နှစ်ဖက်ကိုပါ သူ့ခြေတစ်ဖက်နဲ့ဖိထားလာသဖြင့် သွေး နှုတ်ခမ်းစူချင်လာ၏။ ရွှေစိတ်တော်ညိုးချင်လာတာကိုသိတော့ လူကြီးကတပြုံးပြုံး။
"ယောက်ျားလို့ခေါ်လေ မဟုတ်ရင် မွမွပေး''
မနက်စောစောထရစ်တာကလေးတွေပဲရှိမယ်ထင်ခဲ့တာ
လူကြီးတွေလည်းလုပ်တတ်တာပဲလား။တည်ငြိမ်ရင့်ကျက်
တဲ့လူကြီးဖြစ်နေတော့ သွေးမှာ ပိုအံ့သြရလို့မဆုံး။"ကလေးလည်းမဟုတ်ဘဲနဲ့ ဘယ်လိုဖြစ်လို့''
သွေးငြူငြူစူစူပြောရင်းရုန်းတော့ သွေးလည်တိုင်နား
ခေါင်းတိုးဝှေ့လာပြီး ပါးနှစ်ဖက်မှအစ လည်တိုင်တစ်ခုလုံးကို ခပ်ဖွဖွနမ်းလာနေသည်။"အစောကြီးပဲရှိသေးတယ် ပြန်အိပ်ရအောင်လေ
အသွေးပြန်မအိပ်ရင် ကိုယ်ကအသွေးကိုလုံးဝမထနိုင်အောင် လုပ်ပစ်မှာ''"ဟာ!''
မျက်လုံးကြီးပြူးသွားရတာအမှန်။ ဒီလူကြီးပြုံးတုတုနဲ့ရိုးသားမနေပါ။ မနက်စောစောကို ပေါက်တတ်ကရတွေပြောရသလား ဆိုပြီး လက်မောင်းကိုဆွဲညှစ်ပစ်တော့
နာကျင်ဟန်လုပ်ပြသည်။ ဒီလူကြီး ဒီလို ကလေးဆန်ဆန်အကျင့်ကလေးတွေရှိမယ်လို့သွေးဘယ်တုန်းကမှမထင်မိခဲ့။ပြန်မအိပ်မချင်း ရစ်တာရပ်မယ့်ပုံမပေါ်တာမို့ သွေး
မျက်လုံးကိုမှိတ်ပြီး လူကြီးရဲ့ရင်ခွင်ထဲ တစ်ဖန်တိုးဝင်လိုက်ပါသည်။
YOU ARE READING
အဖြူရောင်စာမျက်နှာ(Complete)
Romanceကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ