Extra 2
.
.
သည်နေ့ကား သွေးနဲ့ဦး ရဲ့ လေးနှစ်ပြည့်
မင်္ဂလာနှစ်ပတ်လည်နေ့ပင်။လက်ထပ်ထိမ်းမြားခဲ့သောနေ့ကိုတော့
နှစ်ယောက်လုံးက ရင်ထဲစွဲနေအောင်
မှတ်မိနေမြဲပင်။မင်္ဂလာနှစ်ပတ်လည်ကိုနှစ်တိုင်းကျင်းပ
ရခြင်းဟာ သွေးနဲ့ဦး ရဲ့ ဆန္ဒဖြစ်နေရုံမက
မေမေလေးဆန္ဒလည်းပါသည်။သွေးမေမေကတော့ ဘာဆိုဘာမျှမပြော။
ဦးမေမေ(မေမေလေး) ရဲ့သဘောကိုသာ
ကြည့်တတ်သည်။မင်္ဂလာနှစ်ပတ်လည်အခမ်းအနားကို
ပထမရက်တွင် ရွာဦးကဘုန်းကြီးကျောင်း
၌အာရုဏ်ဆွမ်းကပ်ခြင်း၊ ဒုတိယရက်တွင်
မြို့က ဦးရဲ့အိမ်၌ နေ့ဆွမ်းကပ်ခြင်း၊
တတိယရက်တွင် သွေး ထောင်ထားတဲ့
မိဘမဲ့ဂေဟာက ကလေးတွေထံ အလည်သွားရောက်ခြင်းဖြင့် သုံးရက်တိတိ
လုပ်ဖြစ်သည်။ယနေ့ကား ပထမရက်ဖြစ်ပြီး မနက်ကတည်းက ရွာဦးကဘုန်းကြီးကျောင်းတွင် အာရုဏ်ဆွမ်းကပ်ကာ အလှူပြုခဲ့သည်။
ယခုအချိန်မှာတော့ ဒုတိယရက်အတွက်
ပြင်ဆင်ဖို့မြို့ထဲဆင်းရမည့်အချိန်ဖြစ်သည်။အရင်နှစ်ပတ်လည်များတွင် သွေးမေမေနဲ့
ညီ အငယ်လေးက မြို့ကိုလိုက်မပါကြချေ။သည်နှစ်တော့ မေမေရော အငယ်လေးပါ
လိုက်မှာဖြစ်သည့်အခါ သွေးအတွက်
ပျော်ရွှင်မှုကတကယ်ကိုအတိုင်းမသိဖြစ်နေချေသည်။"အငယ် ရှိရှိသမျှတံခါးတွေကိုသေချာလိုက်ပိတ်နော်''
"ပိတ်လိုက်မယ် ကိုငယ်''
အောက်ထပ်ကိုဆင်းခါနီး သွေး
အငယ်လေးကို မှာဖြစ်ခြင်းပင်။တစ်ရက်နှစ်ရက်ခရီးသာသာမို့ အိတ်တွေ
အထုပ်တွေမလိုသော်ငြား မေမေ့အတွက်တော့ သွေး အိတ်အသေးတစ်လုံးစီစဥ်ပေးဖြစ်သည်။မေမေက ကျန်းမာရေးချူချာသည်။
ဒါကြောင့် ဘယ်သွားသွား ဆေးကအဆင်သင့်ပါနေမှ
မေမေ့အတွက်အဆင်ပြေမည်။မေမေ့အခြေနေက ဖောက်လွှဲဖောက်ပြန်တတ်တဲ့ရာသီဥတုလို ဆိုးတစ်လှည့် ကောင်းတစ်လှည့် ဖြစ်နေသည့်အခါနည်းနည်းမှအမှားအယွင်းဖြစ်ခံလို့မရပါ။
ESTÁS LEYENDO
အဖြူရောင်စာမျက်နှာ(Complete)
Romanceကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ