22
.
.ညက ဘုရားပွဲလျှောက်လည်ခဲ့တာကြောင့် အိပ်ချိန် နောက်ကျသွားသည်။ ဒါ့ကြောင့် အရင်လိုစောစောလည်း
မထချင်ပြန်။ ရင်ခွင်ထဲက အနွေးဓာတ်လေးကြောင့် မထရက်တာလည်းပါပြန်သည်။သွေးက စတော်ဘယ်ရီပုံလေးတွေနဲ့ညအိပ်ဝတ်စုံဝတ်ထားတော့ ဘယ်လိုကြည့်ကြည့် ကလေးလေးတစ်ယောက်လို။ ရင်ခွင်ထဲတိုးဝင်ပြီး လက်သေးသေးတစ်ဖက်က လွှမ်းဝဏ္ဏထည် ခါးကိုဖက်ပေါ်တင်ထားနေသည်။ လွှမ်းဝဏ္ဏထည်မှာ နိုးကတည်းက သွေးကို
တစိမ့်စိမ့်ကြည့်နေမိတာ။ ရင်ခုန်နှုန်းကလည်း မြန်
သထက် မြန်ဆန်လာလို့။မနက်၈နာရီထိုးလုနီးနီးမှပဲ သွေးကို လွှမ်းဝဏ္ဏထည် နိုးစေတော့သည်။ သွေးက ကျောင်းသွားရမှာရှိသလို သူကလည်း အလုပ်သွားရဦးမှာမို့။
"သွေး ချစ်သက်လေး''
နားထင်လေးအားဖိနမ်းရင်း ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ခေါ်မိသွားသည်။ အထူးအဆန်းမို့လား သွေးက သူ့ကို
မျက်တောင်တခတ်ခတ်နဲ့မော့ကြည့်လာသည်။"ရေထချိုးတော့လေ ''
ညို့ယူနေတဲ့မျက်ဝန်းလေးကိုမလွန်ဆန်နိုင်တော့ ပြောရင်
နှုတ်ခမ်းအိအိလေးကို ခဏတာ ငုံထွေးမိသွားသည်။
တားချင်သလိုလက်သေးသေးတစ်ဖက်ကတော့ ကိုယ့်
အင်္ကျီစကိုတင်းတင်းဆုပ်လို့။"မဟုတ်ရင်ကိုယ်ရေချိုးပေးရမလား''
"မ မလိုပါဘူးဗျ''
ကြည့် ဒီလိုပြောရင်တော့ သွက်နေအောင် ထပြေးနေရော။ ရေချိုးခန်းထဲဝင်သွားတဲ့ ကျောပြင်လေးက တံခါးကြောင့်ပျောက်သွားတာတောင် လွှမ်းဝဏ္ဏထည်မှာ အပြုံးကအရှိန်မသတ်နိုင်သေး။
မနက်စာစားပြီးလို့အလုပ်သွားမယ့်အချိန်ထိကို
လွှမ်းဝဏ္ဏထည် ကြည်ကြည်နူးနူးနဲ့ပြုံးနေရတုန်း။
သွေးကတော့ သူ့နဂိုကတည်းဖြူဖြူစင်စင်။ အကြည့်ချင်းဆုံရင်လည်း နဂိုအတိုင်းမျက်လွှာချသွားပြန်မြဲ။"ဦး အလုပ်မှာဂရုစိုက်ပါဗျ''
"အင်း အသွေးရောပဲ''
YOU ARE READING
အဖြူရောင်စာမျက်နှာ(Complete)
Romanceကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ