35

7.5K 597 9
                                    

35

.
.
"သွေး ကိုယ်အင်္ကျီတွေပြင်ပေးထားတယ်''

သွေး မနက်အလုပ်သွားဖို့ရေချိုးခန်းထဲဝင်ပြီး၍ပြန်ထွက်လာသည့်အခါ ဦးလွှမ်းဝဏ္ဏထည် က သွေး ဝတ်ဖို့အဝတ်တွေထုတ်ထားပေးသည်။

"ဟုတ် ဦး''

ကိုယ်ကရေစက်တွေကိုသုတ်နေတာမို့
ဖြေသာ​ဖြေလိုက်ရသော်လည်း တကယ်
တမ်း ဦး ထုတ်ပေးထားတဲ့ဝတ်စုံကိုသွေးလုံးဝမကြည့်မိ။

ကိုယ်လုံးကိုခြောက်အောင်သုတ်ပြီးလို့
တဘတ်အားသူ့နေရာတွင်ပြန်ချိတ်၍
အိပ်ရာပေါ်တွင်ဦးချပေးထားတဲ့ဝတ်စုံကိုယူဖို့လက်လှမ်းသည်။

သို့သော် အဖြူရောင် ဝတ်စုံကြောင့် သွေးလက်က လေထဲတန်းလန်းဖြစ်သွားရချေသည်။

"ဘာဖြစ်လို့လဲသွေး''

ဦးလွှမ်းဝဏ္ဏထည် သည် သွေးအလုပ်သွားရင်ယူသွားတတ်သည့်အိတ်ကိုလိုအပ်တာတွေထည့်နေရင်းမှ သွေးမျက်နှာပျက်သွားတာမြင်တော့မေးလာသည်။

သွေးမှာဖြေစရာအဖြေလုံးဝကိုရှာမတွေ့သည့်အခါ ဦးလွှမ်းဝဏ္ဏထည် အား ခေါင်းယမ်းပြသည်။

အဖြူ အပြာစသောအရောင်တွေကို
သွေး ဗီရိုတစ်ခုထဲအပြီးပိတ်ထားတာ
လေးလကျော်နေပြီဖြစ်သည်။

ဗီရိုအားကြည့်လိုက်တော့ ဖွင့်ရက်သားရှိသည်။

ဦးလွှမ်းဝဏ္ဏထည် ကဗီရိုကိုလက်ပိုက်မှီပြီး သွေးရဲ့လှုပ်ရှားမှုတွေကို မျက်စိတစ်ဆုံးကြည့်သည်။

အဲ့အတွက်ကြောင့် သွေးဘာမှဆက်မပြောဘဲ အဝတ်လဲခန်းထဲဝင်၍ ဝတ်စုံကိုဝတ်ဆင်လိုက်သည်။

"လာ ရင်ခွင်ဆီ''

အဝတ်လဲပြီးပြန်ထွက်လာချိန်
ဦးလွှမ်းဝဏ္ဏထည် က လက်နှစ်ဖက်ဆန့်ပြီးရင်ခွင်ကိုဟပေးလာသည်။

ရင်ခွင်ထဲတန်းမတ်စွာတိုးဝင်လိုက်သည့်အခါမြုပ်နေအောင်ပွေ့ဖက်ပြီးနဖူးလေးကိုအသာနမ်းသည်။

"တောင်းပန်ပါတယ်သွေး ကိုယ့်ကြောင့်မင်းပင်ပန်းရပြန်ပြီ''

ဦးလွှမ်းဝဏ္ဏထည် ရဲ့စကားကြောင့် သွေးခေါင်းယမ်းသည်။ ဦးလွှမ်းဝဏ္ဏထည်သည်ဤတောင်းပန်ပါသည်ဆိုတဲ့စကားကိုမနက်နိုးတည်းကပြောလာတာဖြစ်သည်။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now