24
.
"ဆိုင်ကယ်ထက်ပိုလွယ်တယ် မကြောက်နဲ့ ကိုယ်ရှိတယ်''ဦးလွှမ်းဝဏ္ဏထည် သွေးကို ကားမောင်းသင်ပေးနေခြင်းဖြစ်သည်။
ရှင်းရှင်းပြောရရင် ကားစက်ဘီးထက်တောင်မောင်းရပိုလွယ်သည်။
သို့သော် ယာဥ်ကြီးဖြစ်သလို သွေးအတွက် ဒါက ပထမဆုံးအကြိမ်မို့ သွေး ရင်တုန်မိသည်။
ဒါ့ကြောင့်လူမရှိသည့်ဘောလုံးကွင်းတွင် ကားတစ်စီးက ခရုသွားတာထက်ပိုဆိုးနေသလိုသွားလိုက်ရပ်လိုက်နဲ့ဖြစ်နေလေသည်။
သွေးရဲ့ဘေးမှာတော့ ဦးလွှမ်းဝဏ္ဏထည် က ရှိနေပြီး
မကြောက်ဖို့အပြင် ကားကိုဘယ်လိုဘယ်ပုံမောင်းရမယ် စိတ်ရှည်ရှည်နဲ့သင်ပေးသည်။ကျောကိုထိကပ်ထားတဲ့ ဦးလွှမ်းဝဏ္ဏထည် ရဲ့ရင်အုပ်ကြီးက မဟာတံတိုင်းကြီးလို အားကိုးရစေတော့ ကြောက်စိတ်က တဖြည်းဖြည်းနဲ့ လျော့ လျော့လာသည်။
ဒီလိုနဲ့ ဦးရဲ့အထူးတဂရုစိုက်မှု စိတ်ရှည်ရှည်နဲ့ သင်ပေးမှုကြောင့် မွန်းမတည့်ခင်မှာဘဲ သွေး ကားမောင်းတတ်လာသည်။ အရှိန်တင်ပြီးတော့လည်း မောင်းရဲလာသည်။
ကားများစွာရှိသည့်ကားလမ်းမကြီးတို့ အကွေ့အကောက်များသည့်လမ်းများကိုတော့ သွေး မစမ်းကြည့်ချင်သေး။
မီးပွိုင့်တွေကိုမကြည့်တတ်သေးတာကတစ်မျိုးဘေးသီတွေ၌ ကားတွေတန်းစီနေတာကတစ်မျိုးမို့ ရင်တုန်နေရသည်။
မသိမသာရယ် ကိုယ်ကိုအပ်ထားမိတဲ့ရင်ခွင်ကျယ်ကို
လှည့်ကြည့်မိတော့ ဦးက အပြုံးလေးနဲ့ကြိုပါသည်။"ကိုယ်မောင်းမယ် လိုက်ကြည့်ထား''
"ဟုတ်''
ဦးက သူ့ရင်ခွင်ထဲက သွေးကို စွေ့ခနဲပွေ့ချီပြီး နံဘေးခုံတွင် နေရာအသာပြောင်းပေးသည်။
မြို့ထဲပြန်ဝင်သောအခါ သွေး တွန့်ဆုတ်နေတာကြောင့် ဦး က ပဲကားမောင်းလိုက်ရသည်။ ကြောက်နေသေးတာ
ကိုသိတော့ လက်ကလေးကိုနွေးနွေးထွေးထွေးဆုပ်ကိုင်ထားပေးသည်။
YOU ARE READING
အဖြူရောင်စာမျက်နှာ(Complete)
Romanceကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ