16

7.9K 713 4
                                    

16

.
.
မနက်ခင်းအလင်းရောင်ဖြာကျနေချိန်။

ကြည်နူးမှုကိုဖြစ်ပေါ်စေသော
ကျေးငှက်ကလေးတွေရဲ့တေးဆိုသံများ။

မိုးစက်ကလေးတွေသောက်သုံးရလို့ဖူးပွ​​င့်လာသောမိုးတွင်းပန်းတွေရဲ့ရနံ့မျိုးစုံ။

လေပြည်တစ်ချက်သွေးတိုင်းသစ်ရွက်လေးတွေပေါ်ခိုအောင်းနေသည့်မိုးစက်တွေက ကိုယ်ပေါ်သို့ ညီညာစွာ ဖျတ်ခနဲကျစီးလာသည်။

အင်္ကျီပေါ်ကမိုးစက်တွေကိုခါချ၍ လမ်းဘေးစီတန်းစွာစိုက်ထားသည့် ညမွှေးပန်းပင်များမှအစေ့မည်းမည်းတွေကို သွေး ခူးယူလိုက်သည်။

သွေး ရောက်နေတာဘုန်းကြီးကျောင်းကိုဖြစ်သည်။

ဒီနေ့ဘုန်းကြီးကျောင်းတွင်ကျောင်းသားကနည်းနေတာကြောင့် သွေး ကျောင်းသားဝင်လုပ်ဖြစ်သည်။

ပန်းကန်ဆေးကြောပြီးသော်လည်းချက်ချင်းပြန်မလာပါ။

အရှေ့ အနောက် တောင် မြောက် စောင်းတန်းလေးဘက်လုံးကို တံမြက်စည်းလှည်းပြီးမှပြန်လာသည်။

အပြန်လမ်းတွင်တန်းစီစိုက်ထားသော ညမွှေးပန်းပင်လေးတွေကိုဂရုတစိုက်ကြည့်မိရာကနေ စိတ်ဝင်စား၍ စိုက်ကြည့်ချင်လာသည်။

ဘုရားပစ္စည်းအဆိပ်သီးဆိုသည့်အတိုင်း
ကျောင်းဝင်ထဲရှိရှိသမျှသက်ရှိသက်မဲ့အားလုံးသည် ဘုရားအငွေ့အသက်တို့ကိန်းအောင်ကာနေသည်။

သိမ်တော်နဲ့နီးနေသည်မို့ နီးစပ်ရာ ဘုန်းဘုန်း တစ်ပါးဆီ
ခွင့်ပန်ပြီးမှ ညမွှေးပန်းအစေ့လေးတွေကို သွေး ခူးယူသည်။

အိမ်ပြန်အရောက်ခြံဝင်းထဲဝင်လိုက်သည်နှင့် မြင်တွေ့လိုက်ရသော အဖြူရောင်ကားတစ်စီးကြောင့် သွေး ခြေလှမ်းကိုရပ်လိုက်သည်။

ကားကိုမှီ၍အနက်ရောင်ဘောင်းဘီအိတ်ထဲလက်လျှိုကာရပ်နေသောလူကြီး။

လေညင်းတစ်ချက်တိုက်တော့နဖူးပြင်ကဆံသားတွေဟာ လှုပ်ခတ်လေသည်။

ယောက်ျားတို့ရဲ့အလှဘုန်းတန်ခိုးသည်မျက်ခုံးကဖြစ်သည်တဲ့။

အဖြူရောင်စာမျက်နှာ(Complete) Tempat cerita menjadi hidup. Temukan sekarang