Extra (3)
Unicode
မင်္ဂလာသက်တမ်းလေးနှစ်ပြည့်အတွက်
နေ့ဆွမ်းကပ်ခြင်းအလှူကို ဦး ရဲ့အသိသူငယ်ချင်းတွေက မိသားစုကိုယ်စီနဲ့တက်တက်ကြွကြွရောက်လာပေးကြ
သည်။မိသားစုသီးသန့်ချည်းထက် အသိတချို့ပါဝင်လာသည့်အခါ အလှူပွဲကပိုပျော်စရာဖြစ်လာသည်။
ဦးရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ အစ်ကိုခန့်ဇော်က သူ့အိမ်ကပေးစားတဲ့ သူ့အောက် ထက်ဝက်ငယ်တဲ့
ကောင်မလေးနဲ့ရောက်လာသည်။
နှစ်ယောက်သားချစ်ကြသေးပုံမပေါ်။
တစ်ယောက်နဲ့တစ်ယောက် ခပ်လှမ်းလှမ်းမှာသာနေကြသည်။အစ်ကိုဟိန်းထက်ကတော့ အခုထိ
တစ်ယောက်တည်းသမားပင်။"သားဟိန်းထက် သူများတွေမိသားစုကိုယ်စီနဲ့ဖြစ်သွားကြပြီလေ သားကဘယ်တော့လဲ''
အနားဝင်ထိုင်လာတဲ့အန်တီချိုက ထိုသို့ပြောတော့ ဟိန်းထက် ရေခဲမုန့်စားရင်း
ခပ်ဟဟ ရယ်မိသွားသည်။"အပူမရှာချင်လို့ပါဗျ မဟုတ်ရင်အခုလောက်ဆို ကျွန်တော် ကလေးအဖေဖြစ်နေလောက်ပြီ''
"အမလေး ရှာမတွေ့ရင်မတွေ့ဘူးပြောလေ
အန်တီချိုရှာပေးမှာပေါ့''အန်တီချိုကသူ့ကျောပြင်ကိုတစ်ချက်ပုတ်ပြီး နေရာကထသွားသည်။ ပြီးသည့်အခါတခြားဝိုင်းတွင်ထိုင်နေတဲ့ ငလွှမ်းရဲ့ယောက်ဖတော်လေးကိုဆွဲခေါ်လာသည်။
ကောင်လေးကတကယ်အသန့်ကလေးရယ်။ ရှပ်လက်ရှည်အဖြူနဲ့ ကရင်ပုဆိုးမိုးပြာရောင်ကိုဝတ်ဆင်ထားသည်။
ကောင်လေးရဲ့လက်ကောက်ဝတ်တစ်ဖက်တွင်ရှိနေသည့် ငွေရောင်နာရီက သူပြင်သစ်သွားတုန်းက ငလွှမ်း သူ့ကိုမှာလိုက်သည့်နာရီသာဖြစ်သည်။ဒီကောင် ငလွှမ်း! ယောက်ဖတော်ကိုဖူးဖူးမှုတ်နေပါလား။
"သားဟိန်းထက် ဒါ အန်တီတို့ရဲ့အသည်းအသက်လေး အငယ်လေးတဲ့''
ထင်သည့်အတိုင်း အန်တီချိုက
ကောင်လေးကိုသူ့အနားဆွဲခေါ်လာတာပဲ။
ကောင်လေးကတော့ မချိုမချဥ်ရုပ်ကလေးနှင့်။
أنت تقرأ
အဖြူရောင်စာမျက်နှာ(Complete)
عاطفيةကိုယ်ကမင်းကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး မင်းနှလုံးသားကိုပိုင်ဆိုင်ချင်တာ