19

7.2K 664 4
                                    

19

.
.
"မေ့ပစ်လိုက်ပါ​ ဆက်တွေးလေ
နာကျင်ရလေပဲ အချစ်မှာဘာကြောင့်လဲဆိုတွေမရှိဘူး ကံတရားကဖန်လာတာတွေချည်း''

တမှိုင်မှိုင်တတွင်တွင်ဖြစ်နေသော သူ့ကြောင့် မြင်နေရသူတွေလည်းစိတ်မောကုန်ပြီထင်ရဲ့။

သူရဲ့အတွင်းရေးကိုဝင်မပါ ပါဘူးဆိုပြီး
ကတိပေးထားတဲ့မိထွေးကတောင်ဝင်ပြောလာသည်။

အရင်စိတ်နဲ့သာဆိုပြန်အော်လိုက်မှာဖြစ်ပေမယ့် အခုချိန်မှာတော့ အော်ဖို့ရာစွမ်းအင်မရှိ။

မိထွေးသည်သူနှင့်ဘဝချင်းတူ အချစ်ငတ်နေတာချင်းတူမှန်းသိလိုက်ရသည့်နောက်ပိုင်း အရင်လိုခက်ခက်ထန်ထန်မဆက်ဆံမိတော့ပါ။

စားဖို့သောက်ဖို့ကိုမေ့သည်အထိအချစ်နာကျနေသည်မို့ အိပ်ရာပေါ်ငုတ်တုတ်ထိုင်လျက် အဝေးကိုအသက်မဲ့စွာကြည့်လေသည်။

"မေ့နိုင်အောင်ကြိုးစားလိုက်ပါ သူက
ပိုင်ရှင်ရှိပြီးသွားပြီလေ သားကြောင့်သူအခက်တွေ့နေလိမ့်မယ် သူ့ကိုတကယ်ချစ်ရင်ပျော်အောင်ထားပါ သားတစ်ချိန်လုံးမှိုင်နေရင် သူလည်းပျော်နိုင်မှာမဟုတ်ဘူး''

သက်ပြင်းရှည်တစ်ခုကိုသူစိတ်ပျက်စွာချလိုက်မိသည်။

နောက်ဆုံးတော့ ငေးကြည့်ခွင့်တောင်မရတော့ပါလား?

ကိုယ့်ကြောင့်သူအခက်တွေ့နေမှန်းသိပါရက်နဲ့ သူကိုယ့်ဆီလှည့်များလာဦးမလားဆိုပြီးအရူးတစ်ယောက်လို မျှော်မိလေသည်။

"ခင်ဗျားဒီအိမ်မှာမပျော်ဘူးမှတ်လား
ဘာလို့ထွက်မသွားသေးတာလဲ?''

အခန်းထောင့်ကဆိုဖာပေါ်ထိုင်ပြီးသူ့အားတစ်ခုပြီးတစ်ခုပြောဆိုနေသော မိထွေးဖြစ်သူကို တစ်ချက်ပြန်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

ထိုအခါ သူမက အသက်မပါသောအပြုံးတစ်ခုဆင်မြန်းကာ ထိုင်ရာမှထပြီးတံခါးဆီဦးတည်လေ၏။

ဒေါင်းလေးရဲ့မေးခွန်းကြောင့်စိတ်ဆိုး​နေတာမဟုတ်ဘဲအဖြေကသူမမှာ မရှိခြင်းဖြစ်သည်။

ဒါ့ကြောင့်မပြောမဆိုနဲ့သာအပြင်ထွက်လိုက်မိ၏။

စွန့်ပယ်ခံလိုက်ရသည့်မယားငယ်တစ်ယောက်ဟာ လမ်းဘေး၌ လွင့်နေသောအိမ်မွေးတိရိစ္ဆာန်လောက်တောင်
အဆင့်မရှိပါလား?

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now