25

7.2K 633 8
                                    

25

.
"Morning သွေး''

"အင်း Morning ဒေါင်း''

ဒုတိယနှစ်အတွက်ကျောင်းပြန်လာအပ်ခြင်းဖြစ်ပေသည်။

နွေရာသီကျောင်းပိတ်ရက်အတွင်း
အိမ်ပြန်ခွင့်မရသော်လည်း ပညာတွေပိုတိုးရလာသလို အမြင်သစ်တွေလည်းရလာသည်။

သွေး ကားမောင်းတာကိုလည်း ကျွမ်းကျင်နေလေပြီ။

အလုပ်နဲ့ပတ်သက်လို့ပို၍ ကြိုးစားဖြစ်လာသလို ဦးလွှမ်းဝဏ္ဏထည် နဲ့အတူ party လည်းတက်ဖူးနေပြီ။

မနက်ခင်းတိုင်းကို ချစ်တဲ့ဦးနဲ့အတူတူနိုးထလာရတော့ နေ့ရက်တိုင်းဟာ ချိုမြိန်သထက် ချိုမြိန်လာပါသည်။

ဒီမနက်ကျောင်းကိုလည်း ဦးက မအားတာနဲ့ သွေး
ကိုယ်တိုင်ကားမောင်းပြီးလာခဲ့လိုက်သည်။

ဦးကလည်း သွေးကို နေရာတိုင်း ဘယ်နေရာမဆို
ကိုယ့်အားကိုယ်ကိုးဖို့ အမြဲပြောတတ်သလို အားကိုးတတ်အောင်လည်း ဂရုတစိုက်သင်ပေးသည်။

ဦးရဲ့သက်ဆိုင်သူအဖြစ် ဖြစ်လာရတဲ့နောက် သွေးမှာ
အချိန်ကြာလာတာနဲ့အမျှ အရာအားလုံးပြည့်စုံလာသလိုပါပဲ။

ဒေါင်းနဲ့ကား အရင်လို သူငယ်ချင်းဖြစ်လိုက်
သူစိမ်းဖြစ်လိုက်နဲ့ပင်။ ဒီမနက်ဆုံကြပေမယ့် သူစိမ်းတွေသာဝတ်​ကျေတန်းကျေသာနှုတ်ဆက်ပြီး ကျောခိုင်းဖြစ်ခဲ့
ကြတာ။

ဒေါင်းက အရင်ဆုံးကျောခိုင်းတာဆိုပိုမှန်ပါသည်။ဒါကိုသွေးထွေထွေထူးထူးမပြောလိုသလို ​ဗွေလည်းမယူပါ။

ဒဏ်ရာတွေကိုမကုပေးနိူင်မှတော့ နေတတ်သလိုသာနေပါစေလေ။

~~~~~

ဘုတ်!

"ကန်တော့ပါဗျ ကန်တော့ ကန်တော့ ''

ဒေါင်းကျောင်းရဲ့ကန်တင်းဘက်ထွက်လာစဥ် အရှေ့က ကောင်လေးတစ်ယောက်နဲ့ဝင်တိုက်မိခြင်းဖြစ်လေသည်။

ဒေါင်း လှဲ၍မကျသော်လည်း နံရံနဲ့ဘေးချင်းတိုက်မိပြီး
အတော်လေးဆောင့်မိသွားသည်။

ဒါ့ကြောင့် ဝင်တိုက်သူကောင်လေးက လက်အုပ်ချီကာ ဒေါင်းအား ထိုင်၍ရှိခိုးမတတ်တောင်းပန်လေသည်။

အဖြူရောင်စာမျက်နှာ(Complete) Onde histórias criam vida. Descubra agora