uni

3.7K 221 16
                                    

ကြည်လင်ပြတ်သားသောမိုးကောင်းကင်ပြင်ကြီးရယ်
တောက်ပစွာ ပေါ်ထွက်လာသော နေမင်းကြီးရယ်
ကျေးငှက်သရကာ တို့ရဲ့တွန်ကျူးသံလေးတွေက
မူးငယ်ရွာလေးရဲ့ သာယာနာပျော်ဖွယ်ထဲက အချက်တစ်ချက်ပင်

ဒီနေ့လဲ ကိုယ့်ဝမ်းစာကိုယ်ဖြည့်ဖို့အတွက် လိုအပ်တာတွေဝယ်ဖို့ ဝမ်ရိပေါ် ဆိုသူ မူးငယ်ရွာရဲ့ ရွာမျက်နှာဖုံးက ဆိုင်တစ်ဆိုင်သို့ဝင်လာခဲ့လေသည်
အများကတော့ ဝမ်ဦးဦးလို့ သာ ခေါ်ကြသည်

" ဆိုင်ရှင်တို့ ဆိုင်ရှင်တို့ "

" အော် ဝမ်ဦးဦး ဘာယူမလို့လဲ မေမေက ရွာထဲဘုန်းကြီးကျောင်းခဏသွားလို့ "

" ငါ့ကို အာလူးရောင်းပေးစမ်းပါ နင် ရောင်းတတ်တယ်မလား "

" ရောင်းတတ်တာပေါ့ ဝမ်ဦးဦးရဲ့ ဘယ်နှစ်ဆယ်သားယူမလို့လဲ မိချိုချိန်ပေးမယ် "

မိချိုဆိုသူမှာ ရွာရဲ့ကုန်စုံဆိုင်ပိုင်ရှင်ဒေါ်ချိုမိရဲ့တစ်ဦးတည်းသောသမီး
မူးငယ်ရွာရဲ့ ကွမ်းတောင်ကိုင်ဆိုလဲ မမှားပေ

" အာလူး နှစ်လုံးပဲ ချိန် "

" ရှင် ဝမ်ဦးဦး အာလူး နှစ်လုံး ဟုတ်လား ဘာလုပ်ဖို့လဲဟင် "

" ငါစားဖို့ပေါ့ မိချိုနင်အရမ်းစကားများတာပဲ ချိန်စရာရှိတာ ချိန်တော့ ငါဟင်းချက်ရအုန်းမယ် "

" ဝမ်ဦးဦး ဒီအာလူးက အလုံးသေးတော့လေ နှစ်လုံးပေါင်းချိန်မှ 5 ကျပ်သားပဲရှိတယ် "

" ဘယ်နှစ်ကျပ်သားပဲဖစ်ဖစ် ချိန်ဆိုချိန် ရော့ရော့ ချိန်မနေနဲ့တော့ ဒီနှစ်လူံးလေးနဲ့ ငါ့ကိုအလကားပဲပေးလိုက်တော့ ပေးပေး ကုသိုလ်တောင်ရသေးတယ် "

မိချိုလက်ထဲမှ အာလူးနှစ်လုံးကို ကောက်ယူလိုက်ပြီး ဆိုင်ထဲကနေထွက်လာခဲ့လေသည်
လမ်းမှာတွေ့သမျှ အပျိုတွေက သူ့ကို ပြုံးစိစိနဲ့ နှုတ်ဆက်သွားကြလေသည်
ဒီလောက်နဲ့တော့ ဝမ်ရိပေါ်တို့က ရင်တောင်မခုန်ပေါင်
လူကသာ ကပ်စေးနဲတာ သူ့ကိုလိုချင်နေတဲ့ အပျိုတွေမှ ဝိုင်းဝိုင်းကိုလည်လို့

" ဝေ့ ငါ့တူကြီး ဘယ်ကပြန်လာတာလဲ "

" ရှောင်ဖိုးဖိုး မင်္ဂလာပါ ဘယ်သွားမလို့လဲ ကျွန်တော်က အာလူးသွားဝယ်တာ"

" အေး ငါရော မင်းဆီ ပဲသွားမလို့ "

" ဟုတ်လား ဒါဆိုအတော်ပဲ "

ရှောင်ဖိုးဖိုးသည် မူးငယ်ရွာရဲ့အသက်ကြီးဆူံး လူကြီးတစ်ယောက်အခုထက်ထိ သန်မာဆဲ ကျွန်တော်နဲ့ ရှောင်ဖိုးဖိုးက အရမ်းကို ရင်းနှီးကြတာပေါ့

" ရိပေါ် မင်းမှာကားရှိရဲ့သားနဲ့ကွာ ဟိုအဝေးနဲ့ဒီအဝေးလမ်းလျှောက်လာရလား "

" ရှောင်ဖိုးဖိုးကလဲ ဗျာ ကားစီးလာရင် ဆီကုန်နေအုန်းမယ်အခုလို လမ်းလျှောက်တော့ ကျန်းမာရေးလဲ ရတာပေါ့ မဟုတ်ဘူးလား "

" အေးပါကွာ "

..................At the side........

" အီးဟီး သားဖိုးဖိုးဆီပဲ သွားနေတော့မယ် မေမေတို့က သားကိုပဲ တစ်ချိန်လုံး ဆူနေတာပဲ

မနက်အိပ်ယာထနောက်ကျလဲ ဆူတယ်

ဖုန်းကြည့်နေရင်လဲဆူတယ်

ဂိမ်းထိုင်ဆော့နေရင်လဲ ဆူတယ် "

မနက်မိုးလင်းလာတာနဲ့ ရှောင်အိမ်တော်မှ ကြားရမြဲအသံဆာဆာလေး

ထိုသူကတစ်ခြားတော့မဟုတ်

" ရှောင်ရှောင်ကျန့် ငါမရိုက်ချင်ဘူးနော် ထစမ်း နေကဖင်ထိုးနေပြီး "

ကျွန်မမှာ ဒီသားလေးတစ်ယောက်သာရထားတာ လက်ပေါက်ကပ် အကြောတင်း တစ်စက်ကလေးမှ အားကိုးမရ အခုလဲ လူကဖြင့် ဘွဲ့တောင်ရပြီးပြီး
အလုပ်ဘက်ကိုစိတ်မဝင်စား တစ်နေ့တစ်နေ့အိပ်လိုက်ကစားလိုက်နဲ့ ကလေးတွေတောင်အရံှူးပေးရတယ်

" ဟွန့် ထပါပြီး ထပါပြီး မေမေတို့ကလေ ကျွန်တော်မထမချင်း ကမ္ဘာပျက်အောင် နှိူ်းမယ့်ရုပ် နဲ့ တော်ပြီး မနက်ဖြန် အဖိုးရှိတဲ့ ရွာမှာ သွားနေတာပဲကောင်းတယ် "

နှုတ်ခမ်းကြီးထော်ကာ မအေကိုပြန်ပြောနေတာက ရိုက်သတ်ချင်စရာ
သားတစ်ယောက်နဲ့တော့ ခက်ပါရဲ့ မိန်းမယူရင် ယောက္ခမက လက်ကြောမတင်းလို့ဆို့ပြီး နှင်ချခံရမဲ့ ရုပ်

ဖတ်တဲ့သူမရှိကြဘူးလားဟင် ဆက်ရေးရမှာလားမရေးရဘူးလား ဒါနဲ့ကြိုက်ကြရဲ့လား
မဟုတ်ရင် အခါးဘက်ပြောင်းရေးပေးရမလား

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now