အပိုင်း(22) zawgyi+uni

1.2K 63 15
                                    

နောက်တစ်နေ့မနက်ရောက်တော့ ရိပေါ်နဲ့ ရှောင်ကျန့်တို့
မြို့ကိုကားနဲ့ တက်လာခဲ့ကြလေသည်။

ရိပေါ်ကတော့ သူ့မွေးရပ်မြေရွာကလေးကို ခွဲခွာခဲ့ရတော့ မှိုင်တိုင်တိုင်လေးပေါ့။

ဒါကိုသိတဲ့ရှောင်ကျန့်ကလည်း စိတ်တော့မကောင်း။

မနက်အစောကြီးကတည်းကထွက်လာခဲ့ကြတော့ ရွာကသူငယ်ချင်းတွေကိုလည်း မနှုတ်ဆက်ခဲ့ရပေ။

" ဝမ်ဦးဦး ခင်ဗျား မြို့ကိုမလိုက်ချင်ဘူးမလား "

" မဟုတ်ပါဘူးကွယ် ကိုယ်ကတစ်ခါမှမခွဲဖူးတော့ ဝမ်းနည်းယုံလေးပါ
ကျန့်လေးကို ကိုယ်ကလက်ထပ်ထားတာလေ ကျန့်လေးသွားတဲ့နောက် ကိုယ်လိုက်ရမှာပေါ့ "

" ခင်ဗျားကလဲဗျာ ကျွန်တော်က အိမ်မှာတစ်ဦးတည်းသောသားလေဗျာ ဖေဖေ့ company ကို ဦးစီးပေးရမယ်လေ အခုခင်ဗျားကကျွန်တော့်ယောက်ျားဆိုတော့ ဖေဖေက ခင်ဗျားကို company အလုပ်ကိုဦးစီးစေချင်တာ
အသက်တွေကြီးတော့ ဖေဖေလည်းအနားယူသင့်ပြီး လေ "

" ကိုယ်ကြိုးစားပါမယ် ကိုယ်ကတောသားဆိုတော့
ဖြစ်ပါ့မလား "

" ဖြစ်ပါတယ်ဆိုမှ လာအိမ်ရောက်ပြီး အိမ်ထဲဝင်ရအောင် "

မြို့ကြီးပြကြီးပါဆိုမှဗျာ တိုက်နဲ့ခြံနဲ့ ကားနဲ့ပေါ့ သူရွာမှာချမ်းသာတာ ရှောင်ကျန့်တို့နေတဲ့အိမ်နဲ့ စာရင်ဘာ
ပြောပလောက်မလဲ သူ့လိုတောက လူပျိုကြီးကို ယူနိုင်တာကိုက သူ့အတွက် တော်တော်ကံကောင်းနေပါပြီး။

" သားလေးတို့ရောက်လာကြပြီးလား မေမေက မျှော်နေတာ လာလာ ထိုင်ကြအုန်း ရိပေါ်သားလေးလာလာ "

အိမ်ထဲကိုရောက်ရောက်ချင်း နွေးထွေးသောအပြုံးနဲ့လက်ကမ်းကြိုနေသော သူ့ယောက္ခမ
ဒီကမ္ဘာမှာသူ့လောက် ကံကောင်းတဲ့သူ ရှိပါအုန်းမလား။

ယောက္ခမက ရှယ်ချစ် ကျန့်လေးကလည်းရှယ်ချစ်ဆိုတော့ ဟဲဟဲ

" မေမေ  ဖေဖေရော "

" ညနေမှ ပြန်ရောက်မယ် ကဲကဲ သားလေးတို့အတွက် အခန်းကို မေမေကပြင်ပေးထားတယ် ရေမိုးချိုးပြီးနားလိုက်အုန်း ဟုတ်ပြီးလား
သားရိပေါ် ဘာမှအားမနာနဲ့နော် ကိုယ့်အိမ်လိုသဘောထား "

You've reached the end of published parts.

⏰ Last updated: May 24, 2022 ⏰

Add this story to your Library to get notified about new parts!

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now