အပိုင်း(18)zawgyi+uni

718 85 14
                                    

မူးငယ်ရွာရဲ့လူစည်ကားသော ဈေးတန်းကလေးမှာ ရှောင်ကျန့်တစ်ယောက် ဟိုငေးဒီငေးဖြင့် ကြည့်နေမိလေသည်။

ရွာငယ်လေးရဲ့ မြန်မာ့ရိုးရာမုန့်တွေကလဲ စုံလင်လှသည်။  လက်ထဲမှာ ပါလာသော တစ်သောင်းတန်တစ်ရွက်ကို ကြည့်လိုက်ကာ မုန့်ဆိုင်ထဲကို တန်းပြီးဝင်သွားလေသည်။

" သားလေး လာလာ မုန့်လေးတွေ အားပေးသွားပါအုန်း "

မုန့်ရောင်းသော အန်တီကြီးက အပြုံးလေးဖြင့် ဖော်ရွေစွာ ရှောင်ကျန့်ကို ပြောလိုက်တော့သည်။

" အန်တီ ဒါကဘာမုန့်လေးလဲ "

ဗန်းပေါ်မှာ တင်ထားသော ကိတ်မုန့်ပုံ မုန့်လေးကို လက်ညိုးထိုးကာ မေးလိုက်တော့ အန်တီကြီးက ထိုမုန့်ကို ဓားပါးကလေးဖြင့်ဖဲ့ကာ ရှောင်ကျန့်ကို ပေးလိုက်သည် ။

" မုန့်စိမ်းပေါင်းလို့ ခေါ်တယ်သားရဲ့ ရော့စားကြည့် "

ထိုအန်တီပေးသော မုန့်ကို ပါးစပ်ထဲသွင်းကာ အရသာခံပြီးဝါးနေလေသည်။

" wow ကောင်းလိုက်တာ ကျွန်တော်အဲ့ ဒီမုန့်ယူမယ် "

"ဘယ်လောက်ဖိုးလဲ သား "

"1000 "

ရှောင်ကျန့်ပြောလိုက်သော ပမာဏဟာ အလွန်ကို များလှလေသည်။ မုန့်ကို တစ်ထောင်ဖိုးဝယ်လိုက်သော ရှောင်ကျန့်ကြောင့် မုန့်ရောင်းသောအန်တီကြီးမှာလည်း နေ့တွက် နီးပါး ကိုက်သွားလေသည်။

"သားလေး အန်တီ အပိုထည့်ပေးသွားတယ် နော် "

" ကျေးဇူးတင်ပါတယ် အန်တီ "

ရှောင်ကျန့်တစ်ယောက်အန်တီကြီးကို နှုတ်ဆက်ပြီး မုန့်ကိုခြင်းတောင်းထဲ ထည့်ကာ အရှေ့ကိုဆက်သွားတော့ ကြက်သား သည်ဖြင့်တိုးလေသည်။

" မောင်လေး ရေ ကြက်သားဝယ်သွားပါအုန်း "

ခေါင်းမှာပန်းပင်ကာ သနပ်ခါးပါးကွက်ကြားလိမ်းထားပြီး လုံချည်ကို ထမိန်လိုဝတ်ထားသော ကိုအောင်ကျော် ဆိုတဲ့ ကြက်သားရောင်းတဲ့ သူကလည်း ရှောင်ကျန့်ကို ချွဲပစ်သော အသံဖြင့် လှမ်းခေါ်လိုက်လေသည်။

ဝမ်ဦးဦးဟု ခေါ်သည်Wo Geschichten leben. Entdecke jetzt