uni

1K 98 22
                                    

အချိန်အားဖြင့် ည7:00    ပြောရရင် ကျွန်တော်တို့ရဲ့ မင်္ဂလာ ဦးညပေါ့  ။

မင်္ဂလာဦးည မင်္ဂလာဦးည ဘယ်လိုဖြတ်သန်းရမှာလဲ
ဘယ်ဘက်ရင်အုံ ထဲက နှလုံးသားလေးက အရမ်းကို ခုန်လာပြီး။

အခုထိ ကျွန်တော်တို့ရဲ့ မင်္ဂလာ ဝတ်စုံတောင် မလဲရသေးဘူးလေ။

ပြောရမယ်ဆိုရင် မင်္ဂလာ အခန်းထဲ ကို တောင်ကျွန်တော်ခြေမချရသေးပါဘူး။

ဧည့်ခန်းမှာပဲ ထိုင်နေဆဲ။

" ကျန့်လေး ပင်ပန်းနေပြီးမလား အခန်းထဲသွားနားတော့လေ "

ထိုအချိန် ဝမ်ဦးဦးက ကျွန်တော့်ဘက်လှည့်ပြီး  အနူးညံ့ဆုံးလေသံဖြင့် မေးလာခဲ့သည်။

" ဝမ်ဦးဦးကရော "

" ကိုယ်ရော ဝင် မယ်လေ ကိုယ်ပွေ့ခေါ်သွားပေးမယ်နော် "

ကျွန်တော့် မှာ ငြင်းချိန်တောင်မရလိုက်ပါဘူး ဗျာ ကျွန်တော့်ကိုယ်လုံးလေး က လေပေါ် မြောက်တက်သွားခဲ့ လေသည်။

ဒါကယောကျ်ားယူခြင်းရဲ့ အားသာချက်များလား။

အခန်းထဲကို ရောက်သွားတော့ ဝမ်ဦးဦးက ကျွန်တော့်ကို ကုတင်ပေါ် မှာ အသာလေးချပေးလိုက်သည် ။

အခုမှ ကျွန်တော်ကြည့်မိလေသည်။
ကုတင်က ကျယ်ပြီး လူနှစ်ယောက် လွတ်လွတ်လပ်လပ် အိပ်လို့ရသည်။

ပြီးတော့ အရမ်းလဲလှသည်။ ပြင်ဆင်ထားတဲ့ မွေ့ယာခင်းကအစ အဖြူရောင်ပင်
ကြည့်ရတာ အရမ်းကို အေးချမ်းလွန်းလှသည်။

" ကျန့်လေး ဘယ်လိုလဲ စိတ်တိုင်းကျရဲ့ လား ကိုယ်တို့် ရဲ့ မင်္ဂလာ ကုတင်ကို "

" အွန်း အရမ်းသဘောကျတယ် "

" ကျန့်လေး သဘောကျရင် ကိုယ်တို့ မင်္ဂလာဦး ရအောင်လေ "

မင်္ဂလာကုတင်ကိုသဘောကျတာ နဲ့ မင်္ဂလာဦး ရရောလား
ဟင့်အင်း ကျွန်တော်တော့ မထင်ဘူး။

" ဟင့်အင်း မဖြစ်ဘူး ကျွန်တော် ကြောက်တယ် "

" ကျန့်လေး ဒါက ကိုယ်တို့ရဲ့ အမှတ်တရညလေးလေ မကြောက်နဲ့နော် "

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now