uni

1.3K 130 9
                                    


ရိပေါ်တစ်ယောက် သူ့အိမ်ရှေ့ရောက်တော့ ရပ်လိုက်ပြီး အနောက်မှာကပ်ကပ်ပါလာသော ရှောင်ကျန့်ကို စကားဆိုလိုက်လေသည်

" မင်း ဘာလို့ ငါ့နောက်လိုက်လာတာလဲ "

" ဟွန့် လိုက်ချင်လို့လိုက်တာပေါ့ "

" ဘာ"

ရိပေါ်လဲ စိတ်တိုကာ အသံအနည်းငယ်ကျယ်သွားတော့
သူ့ရှေ့က အကောင်ပေါက်လေး က မျက်ရည်တွေဝဲ တတ်လာခဲ့ သည်

" ဟင့် ဟင့် "

" ဟိတ် ဘာလို့ ငိုနေတာလဲ ငါဘာမလုပ်ရသေးဘူးနော် "

" အီးဟီး ခဗျားကြီး ကျွန်တော့်ကိုအော်တယ် လူကြီးဖစ်ပြီး ကလေးကိုအနိုင်ကျင့်တယ် ဗြဲ "

ရှောင်ကျန့်လဲ ရိပေါ်ကိုလက်ညှိုး ထိုးပြီး မြေကြီးပေါ်ထိုင်ချကာ ရှုံးပွဲချ ငိုနေတော့သည်

" ဟာ ဟိတ် တိတ်စမ်း ဟိတ် ငါပြောနေတာမကြားဘူးလား "

"မတိတ်ဘူး မတိတ်ဘူး ဒီမျက်ရည်က တိတ်ချင်တိုင်းတိတ်ရအောင် ကျွန်တော့်အဖေမဟုတ်ဘူး
အီးဟီး "

ရိပေါ်လဲ ဘယ်လောက်ပြောပြော အငိုမရပ်တဲ့ ရှောင်ကျန့် ရယ်ပါ
ရှောင်ကျန့်ငိုသံကြောင့်ဘေးအိမ်တွေကလဲ ထွက်ကြည့်ကုန်လေသည်

" ဝမ်ဦးဦး ဘာတွေဖစ်နေတာလဲ သူကဘယ်သူလဲ "

" ခဏနေစမ်းပါ ဖိုးတုတ်ရာ မင်းကတစ်မျိူး"

ရိပေါ်လဲ ကြံရာမရတဲ့ အဆုံး ရှောင်ကျန့်ကို ရပ်ကွက်လူကြီးဆီ ကိုသာ အတင်းဆွဲခေါ်လာခဲ့လေသည်

" ဟင့် ဟင့် လူကိုအော်ပြီး တာဝန်မယူတဲ့ခင်ဗျားကြီး
လမ်းသွားတိုင်းခလုတ်တိုက် ထမင်းစားတိုင်း ထမင်းတီး
ရေသောက် ရေတီး ကားနဲ့သွားကားဘီးပေါက်
စက်ဘီးနဲ့သွား ဘီးပေါက် လေယာဉ်နဲ့ သွား လေယောဉ်အတောင်ကျိုး ဘောင်းဘီဝတ် ဘောင်းဘီစုတ်
အကျႌဝတ် အကျႌ စုတ် ပုဆိုးဝတ် ပုဆိုးပြဲ ဟင့် ဟင့် "

ရပ်ကွက်လူကြီးအိမ်အထိ တစ်လမ်းလုံးတစ်တွတ်တွတ် ရွတ်လာတဲ့ ကောင်လေး
ကျွန်တော်လို တည်တည်တံ့တံ့ နေလာတဲ့ ကောင်က သူ့ကြောင့်နဲ့ ရပ်ကွက်လူကြီးအိမ်ရောက်ရပြီး

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now