uni

1.7K 145 15
                                    

ရှောင်ကျန့်တစ်ယောက် ကားလေးတစ်စီးနဲ့ သူ့အဖိုးရှိရာ မူးငယ်ဆိုတဲ့ ရွာငယ်လေးကို ခိုးထွက်လာခဲ့လေသည်

" ဝါး း အိမ်ကလွတ်ပြီး ဟားဟား အမေတော့ ဆူစရာလူမရှိတော့ပျင်းနေတော့မှာပဲ "

ကားကို မောင်းမောင်းလာရင်းနဲ့ 3နာရီလောက်ကြာတော့ ရွာထိပ်ကို ရောက်လာလေသည်

ရွာလမ်းမှာ မြေနီလမ်းဖစ်တဲ့အတွက်ကြောင့် ဖုန်အနည်းငယ်ထသည်

ရှောင်ကျန့်တစ်ယောက် ကားကိုရွာထိပ်မှာ တင်ရပ်လိုက်ပြီး
ကားပေါ်ကနေဆင်းလာခဲ့သည်

" အဖိုးအဖိုးတော့နော် ကိုယ့်မြေးလေးကို လိမ်ပြောရဲတယ်
အဖိုးပြောတော့ဖြင့် ရွာလေးက အေးချမ်းသာယာပြီးနေချင်စရာကောင်းတာတဲ့ အခုတော့ကြည့်ပါအုန်း ဖုန်တွေထနေတဲ့ မြေနီလမ်းလေးကို ဘယ်လိုဖြတ်ရမလဲ
ငါလဲ အခုကျမှ အဖြူရောင် T-shirt ကိုဝတ်လာမိတယ်လို့ "

ရှောင်ကျန့်တစ်ယောက် လမ်းကိုကြည့်ပြီး ညည်းညူကာ နေကာမျက်မှန်ကိုကောက်တပ်လိုက်ပြီး ကားပေါ်ပြန်တက်ဖို့ လုပ်ချိန်မှာ

" မဖစ်သေးပါဘူး ငါကားယူသွားလို့မဖစ်ဘူး အထဲမှာလမ်းကဒီထက်ဆိုးနိုင်တယ် လမ်းလျှောက်သွားမှ ဖစ်မယ် နေပါအုန်း ဒီကားကို ဘယ်လိုလုပ်ရမလဲ
သိပြီး သိပြီး ဟိုကောင်တွေကိုလာပေးယူခိုင်းရမယ် "

ရှောင်ကျန့်လဲ တစ်ယောက်ထဲ စကားတွေပြောလိုက် ကားပေါ်ကပါလာတဲ့အထုပ်တွေချလိုက်နဲ့ အလုပ်တွေရှုပ်နေတော့သည်

" ဟူး ဒီအထုပ်တွေနဲ့ ရွာထဲဘယ်လိုဝင်ရမှာပါလိမ့် "

ရှောင်ကျန့်တစ်ယောက် holdall အိတ်ကြီးကိုဆွဲပြီး
မြေနီလမ်းကို တစ်ဖြည်းဖြည်းချင်း လျှောက်လာခဲ့လေသည်
လေတွေကလဲ တစ်ဖြူးဖြူးနဲ့ ဖုန်မှုန့်လေးတွေက
အဖြူရောင် T-shirt ပေါ် တစ်ဖြည်းဖြည်းနဲ့ စွဲကပ်လာသည်
လမ်းတစ်ဝက်လောက်ရောက်တော့

" ဖလူး ဖလူး ဖွီ ပါးစပ်ထဲတောင်ဝင်ကုန်ပြီး ဟိုနားက သစ်ပင်ကြီးမှာခဏနားမှ "

သူ့ပါးစပ်ထဲကို ဖုန်မှုန့်တွေ ဝင်သွားလို့ တစ်ဖွီဖွီနဲ့ ထွေးထုတ်နေလေရဲ့ နေကလဲ အတော်ပြင်းသကိုး
အခုလဲ အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ခဏနားလေသည်
လေကလဲ ကောင်းလူကလဲ ပင်ပန်းနေတာနဲ့ ထိုအပင်ကြီးအောက်မှာတင် ရှောင်ကျန့် တစ်ယောက် အိပ်ပျော်သွားလေသည်

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now