Part-6

721 57 29
                                    

ကျွန်တော်လဲ ရှက်ကာ ကိုယ့်ဟာကို လက်တစ်ဖက်နဲ့ အုပ်ပြီး
တစ်ဖက်က လုံချည်ကို ကောက်ယူနေလေသည်

"အုပ်မနေပါနဲ့ ကျွန်တော်မြင်ပြီးပြီး ခင်ဗျားလိပ်ပြာကို
လုံလဲ မလုံဘဲ နဲ့ လာအုပ်နေသေး ဟွန့် "

" ဘာ   "

ဒီကောင်လေးက တော်တော့်ကို မလွယ်စိန်လေးပဲ  ကျွန်တော့်
ညီလေးကို များ လိပ်ပြာတဲ့  ကျွန်တော့် မှာတော့
မျက်နှာ ပူလို့သေပြီး သူကျတော့ ဘာမဖြစ်

ကျွန်တော်လက်ထဲက လုံချည်ကိုကောက်ဝတ်လိုက်ပြီး ဧည့်ခန်းထဲ သွားကာထိုင်လိုက

အနောက်ကတစ်ကောက်ကောက်နဲ့ ကပ်ပါလာခဲ့လေသည်

" ရှောင်ကျန့် မင်းဘယ်လိုဖြစ်နေတာလဲ "

" ကျွန်တော်ဘာဖြစ်လို့လဲ ဝမ်ဦးဦးနောက်လိုက်နေတာ လေ
ပြီးတော့ ကျွန်တော့်ကို ရွာထဲလိုက်ပို့ပေးဖို့လာခေါ်တာ "

" ဘာ ငါမင်းလို အားယားနေတယ်ထင်လား ငါ့ရဲ့ စားစရာတွေကိုလဲ ဖြုန်းပစ်တယ်  ပြီးတော့ငါ့ကို အရှက်ရအောင်လဲ လုပ်တယ် 
မင်းနေရာမှာ တစ်ခြားလူဆို ပွဲပြီးနေလောက်ပြီး "

အံ့မယ် ဝမ်ဦးဦးက ငါ့နေရာမှာတစ်ခြားသူဆို ပွဲပြီးနေလောက်ပြီးတဲ့ ဟိ ဘာပွဲလဲတော့မသိဘူး ငါထင်တာများလား

" ဝမ်ဦးဦးကလဲ ဒီလောက်ချမ်းသာတာကို  နှမြောမနေစမ်းပါနဲ့ ဒါနဲ့ လေ နောက်တစ်ခု ဘောင်းဘီ ဝတ်ထားသိလား "

လက်ပေါက်ကပ်လိုက်တာ ဒီကောင်လေးနဲ့တော့ အခုငါ့ရှေ့မှာထိုင်နေတဲ့ မင်းကချစ်စရာကောင်းနေလို့ပေါ့ကွာ
မဟုတ်ရင် အပြီထိုးပစ်မှာ

"  အောက်ခံ ဘောင်းဘီတွေက ဘယ်လောက်ဈေးကြီးတယ်မှတ်လဲ အိမ်မှာနေတာဝတ်စရာမလိုဘူး ငါ့မှာရှိတာ ဆိုလို့ အမဲနဲ့ အနီ နှစ်ထည်ပဲ ရှိတယ်
အာ့တာတောင် ငါ့ကို နှစ်ထည် 5000 နဲ့ ပေးလို့ ဝယ်လာတာမဟုတ်ရင် တစ်ထည်ပဲ ဝယ်တယ် "

ဘာရယ်ဘာရယ် အောက်ခံဘောင်းဘီကဈေးကြီးလို့ အိမ်မှာနေရင်မဝတ်ဘူး ဟုတ်လား
ပြီးတော့ အမဲနဲ့ အနီ နှစ်ထည်ပဲ ရှိတာတဲ့လား
အိန်း ဒီဘဲကြီးကဘာလာ

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now