အပိုင်း(19) zawgyi+uni

783 95 12
                                    

ငိုယို ပြီး ခြေဆောက်ကာ အိမ်ပေါ်ထပ်ကိုတက်သွားသော
ကောင်လေးနောက်ကို  ပြေးလိုက်ရင် တံခါးဝ မှာ ကျန်ခဲ့သော
ဈေးခြင်းတောင်းလေး ကို သတိရသွားကာ လှေကားတစ်ဝက်ကနေ ပြန်ပြေးဆင်းလာခဲ့ပြီး ခြင်းတောင်းကို လာပြေးယူလေသည်။

" ဘုရားရေ တော်ပါသေးတယ် ငါ့ခြင်းတောင်းလေး ခွေးဆွဲတော့မလို့ "

ပြည့်နှက်နေသော ခြင်းတောင်းလေးကို သယ်ပြီး မီးဖိုချောင်ထဲပြေးထားလိုက်ကာ အပေါ်ထပ်ကို ပြေးတက်လေပါတော့သည်။

ကံမကောင်းစွာနဲ့ပင် အခန်းတံခါးက အထဲမှ လော့ခ် ချထားလေသည်။

" ကျန့်လေး ကျန့်လေး တံခါးဖွင့်ပါအုန်း  တောင်းပန်ပါတယ်
ကိုယ် ကျန့်လေးကို မအော်တော့ဘူးနော် 

ကြက်အကောင်လိုက်ဝယ်လာလည်း ဘာမဖြစ်ဘူး
ကြက်မကလို့  ကျန့်လေး ဘာပဲဝယ် ဝယ် ကိုယ် မအော်တော့ဘူးနော် တံခါးဖွင့်ပေးပါ "

ရိပေါ်တစ်ယောက်အသံကုန်ထွက်အောင် အော်ကာ တောင်းပန်နေသော်ငြားလည်း အခန်းထဲကနေ တုံ့ပြန်သံတောင်မကြားရပေ။

တံခါးကို တစ်ဂျိန်းဂျိန်းနဲ့ထုကာ လက်တွေတောင်နာနေလေပြီး။

သို့ပေမဲ့လည်း လော့ခ်ချထားသော တံခါးက ပွင့်မလာပေ။

အထဲ က ရှောင်ကျန့်ကတော့ သရေတွေ ကျကာ  မွေ့ယာပေါ် မှာ ဟောက်သံ ဖြင့် တစ်ခေါခေါ မြည်နေလေပြီ ။

ရိပေါ်လည်း ရှောင်ကျန့်ထွက်မလာတော့တဲ့ အဆုံး အောက်ထပ်ကို ပြန်ဆင်းကာ မီးဖိုချောင်ထဲက ဈေးခြင်းလေးကို ကြည့်ပြီး သက်ပျင်းချလိုက်လေ၏။

" ကြက်  ကြက် ငါ့ကို တော်တော် ဒုက္ခပေးတယ် ဟုတ်လား
မင်းဖင်ထဲကို တုတ်အရှည် နဲ့ ထိုးပြီး အရည်စိမ့်စိမ့် ထွက်အောင် ကင်ပြမယ် "

အံကိုကြိတ် စိတ်ကိုထိန်း ရင်း ကြက်ကောင် ရဲ့လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖမ်းစုပ်လိုက်ပြီး  ကြက်ဖင်လေးကို အားပါပါနဲ့
တစ်ဖြန်းဖြန်း ရိုက်ကာ ဆားပွတ်သတ်ပြီး တစ်ကိုယ်လုံး အနှံ့ နယ်လိုက်ကာ ထောင်နေသော အမွေးတစ်ချို့  ကို ဆွဲနှုတ် ပြီး

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now