uni

945 117 14
                                    

   
အခုရေတံခွန် ကို ရောက်ခါနီး  ခြေလှမ်း နှစ်လှမ်း ထပ်တိုးလိုက်တော့

"အား း း း"

ကောင်လေးနှစ်ယောက်ရဲ့ ကျယ်လောင်သောအော်သံတွေကြောင့် သစ်ပင်မှာ နားနေကြတဲ့ ငှက်တွေ အကုန် လန့်ကာ ကောင်းကင်ပေါ် သို့ ပျံသွားကြလေတော့သည်။

အကြောင်းမှာ  သစ်ရွက်တွေနဲ့ ဖုံးအုပ်ထားပြီး သားကောင်ကို ဖမ်းရန် လုပ်ထားတဲ့ တွင်းထဲ သို့ ကျသွားခြင်းပင်။ 

ရိပေါ် သည် ရှောင်ကျန့်ကို ကုန်းပိုးထားသောကြောင့် ရိပေါ်က အောက် ရောက်သွားပြီး
ရိပေါ် ကိုယ်ပေါ်သု့ိ ရှောင်ကျန့် ပြုတ်ကျသွားလေသည်။ 

" အာ့   "

ကျွန်တော် က အောက်လူဖြစ်သောကြောင့် အောက်က  မြေနဲ့
ရင်ဘတ်ကို လာဆောက်မိတော့ အော်ညည်းလိုက်မိသည်။ 

ထိုအခါမှ ကျွန်တော့်ကျောပေါ်က  အကောင်ပေါက် လေးက
ကုန်းထကာ ကျွန်တော့်ကို ဆွဲထူပေး တော့ သည်။

အတွင်းလေးက သိပ့်မနက်လို့ ဘာမှ တော့ သိပ့်မဖြစ်လိုက် ပေ။

" ဝမ်ဦးဦး ဘာဖြစ်သွားသေးလဲ "

" ဘာသိပ့်မဖြစ်ဘူး  မင်းရော "

" ကျွန်တော် က  ဝမ်ဦးဦး ကိုယ်ပေါ် ကျတာလေ ဟီ ဘာမဖြစ်ဘူး "

နှစ်ယောက်လုံး ဘာမဖြစ်လို့ တော်သေးတယ်။ သိူ့ပေမဲ့လဲ
ဒီတွင်းထဲ က ဘယ်လို ပြန်ထွက် ရမှာပါလိမ့်။

တွင်းလေးက သိပ့်မနက်ဘူးဆိုပေမဲ့လဲ  လူနှစ်ရပ်စာလောက်ရှိသည်။

ဘေး ပတ်ပတ်လည်ကလဲ  မြေကြီးကို ပေါက်ထားသောကြောင့်  ညီညာနေလေသည်။

ကျွန်တော် ကသာ စဉ်းစားနေတာ ဟိုအကောင်ပေါက်လေးက ထိုင်ပြီး ဘာလုပ်နေပါလိမ့်။

ကျွန်တော်လဲ သူ့အနား သွားပြီး

" ဘာထိုင် လုပ်နေတာလဲ အပေါ်ဘယ်လို ပြန်တက် မလဲ စဉ်းစားအုန်း "

" ဝမ်ဦး ဦး ကျွန်တော် စဉ်းစားနေတာက လေ ဘယ်သူက ဒီတွင်းကို လာတူးထားတာလဲ

လူတွေကိုဖမ်း ဖို့ တူးထား တာလား  ဒါမဟုတ် ပြန်ပေးဆွဲ ဖို့လား ဟင် ဘယ်လို လုပ်မလဲ အီးဟီး ကျွန်တော့်ဘဝ ပျက်ပါပြီး 

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now