သာယာလှပသော ရာသီဥတု နဲ့ အင်္ဂါ နေ့ရဲ့ မနက်ခင်းအချိန်အခါဟာ ခါတိုင်းနေ့တွေထက် ပိုပြီးပြည့်စုံနေခဲ့တယ်လို့ ဆိုရမလား။
ရွာသားတွေရဲ့ မျက်နှာပေါ်က အပြုံးချိုချိုလေးတွေကို အဝေးကနေကြည့်နေရုံ နဲ့ ကိုယ့်ဆီကိုပါ ကူးစက်လာသလို မျိုး ပေါ့လိုက်ပြီး ပြုံးမိသည်။
အိမ်ရှေ့ မှာရော ခြံထဲမှာရော ပြည့်နှက်နေတဲ့ လူအုပ်ကြီးပေါ့။
သီးဝိုင်းအစုံအလင် နဲ့ အလှဆင်ထားသော မဏ္ဍာပ်ကြီးရယ်။ရွာရဲ ့ ဓလေ့ထုံးတမ်းအရ ဧည့်ခံထားသော ထမင်းနဲ့ ရေခဲမုန့် တွေရယ်။
မဏ္ဍာပ် ရဲ့ထိပ်မှာ ချိတ်ဆွဲထား သော မင်္ဂလာဧည့်ခံပွဲ ဆိုင်းဘုတ် နဲ့ ရွှေမှုန် တွေနဲ့ အလှဆင်ထား သော
မောင်ဝမ်ရိပေါ် နှင့် မောင်ရှောင်ကျန့် တို့ ရဲ့
လက်ထပ် ထိမ်းမြားခြင်း စာလုံး လေးတွေ ရယ်ပေါ့။ဒီကနေ့ ရဲ့ အဓိက ဇာတ်ကောင်တွေက တော့ ကျွန်တော်နဲ့ ဝမ်ဦးဦးပေါ့။
" ကျန့်လေး အဆင်သင့်ဖြစ်ပြီးလား "
ကျွန်တော်တွေးတောနေတဲ့ အချိန်မှာ ပင် ဝမ်ဦးဦး က ကျွန်တော့်ရှေ့ ကို ရောက်လာခဲ့သည်။
ကတ္တီပါ ဖိနပ်အပန်းရောင် အပါးလေး ကို စီးထား သော
ဝမ်ဦးဦးရဲ့ ခြေချောင်းရှည်ရှည်လေး ရယ်
ပုဆိုးအပန်းရောင်ကို သပ်ရပ်စွာ ဝတ်ဆင်ထား ပြီး
တိုက်ပုံ လယ်ကတုံး အကျႌ အပန်းရောင်မှာ ရွှေ ကြယ်သီး လေး တပ်ဆင်ထားပြီး ချိူမြိန်သော အပြုံး တောက်ပ သောမျက်လုံး တွေ နဲ့ ကျွန်တော့်ကို ကြည့်နေခဲ့ သည်။"ဟုတ် ကျွန်တော်ပြီးပြီး "
" ကျန့် လေး မင်းအရမ်းလှတယ် "
" ကျွန်တော် က ယောကျ်ားလေး လေ ဘယ်လိုလုပ်လှမှာလဲ "
" မသိဘူး မင်းက ငါ့မျက်စိတွေထဲ မှာ ကမ္ဘာပေါ်က အလှဆုံး လူသားပဲ "
ကျွန်တော်ပြောလိုက် တော့ နဂိုကတည်းက ပန်းရောင်မို့ မို့ သန်းနေတဲ့ ပါးနှစ်ဖက်လေးက အနီရောင်ဘက်ကို ကူးပြောင်းသွား လေသည်။ ရှက်လို့ ထင်တယ် ခေါင်းလေး ကို ငုံ့ ကာ သူ့လက်နှစ်ဖက် ကို အချင်းချင်း ဆုပ်ကာ နယ်ချေနေလေသည်။