part(7)

668 50 6
                                    

  ဆရာကို ပြန်ပို့ပြီး ကျွန်တော်အခန်းထဲ ပြန်ဝင်လာခဲ့လေသည်။

ဝမ်ဦးဦးက သေချာကြည့်တော့ ချစ်ချင်စရာလေး ပဲ
ဟွန့်  ဘာလို့များ ဒီလောက် ကပ်စေးနဲ တာလဲ မသိဘူး

နှာတံလေးကလဲ ဖြောင့်စင်းနေတာပဲ    အခုထိမနိုးလာသေးဘူး ရွာထဲလိုက်ပို့ဖို့ လာခေါ်ပါတယ်ဆို
အခုတော့ သူ့ကို ပြန်ပြုစုနေရတယ် ။

အဖိုး ကို သွားခေါ်ရင်ကောင်းမလား အာ မဖြစ်သေးပါဘူး
ငါ့ကြောင့်ဖြစ်တယ်ဆိုပြီး ဆူနေအုန်း မယ် ဟွန့်  နိုးလာတဲ့ အထိ ထိုင်စောင့် ရတော့မယ်။

ဒီလိုနဲ့ ရှောင်ကျန့်လဲ ရိပေါ် နိုးလာတဲ့ အထိ ထိုင်စောင့် နေလိုက်သည်။

ခဏအကြာတော့

" ဟိတ် "

ကျွန်တော် မျက်လုံးကို စစဖွင့်ချင်း တွေ့လိုက်ရတာက မျက်နှာကျက် ရယ် ဘေးနားကို လှည့်ကြည့်လိုက်တော့ ကျွန်တော့်ကိုကျောပေးပြီး ထိုင်နေသော အမွှေလေး ရယ်
ကျွန်တော်လဲ အသံပေးလိုက်တော့ အမွှေလေးက

"ဟမ် ဝမ်ဦးဦး ခင်ဗျား နိုးပြီးလား "

" နိုးလို့ပေါ့ စကားပြောနေတာ "

စကားကို အကောင်းမပြောဘူး ဘယ်တော့မှ နိုးလာတာနဲ့  ခင်ဗျားကြီးက ချစ်ချင်စရာမကောင်းတော့ဘူး
ငါက တောင်းပန်မလို့ကို

" သိပါတယ် ခင်ဗျားပြောစရာ၎မလိုဘူး ကျွန်တော် သွားတော့မယ် "

" နေအုန်း ဘယ်သွားမလို့လဲ "

" အိမ်ပြန်မယ်လေ ဘယ် သွားရမှာလဲ ဟွန့် ကျွန်တော်က ဒီရွာက ဧည့်သည်ပဲ ဘယ် သွားတတ်မှာမို့လဲ "

နှုတ်ခမ်းကို ဆူကာ ပြောနေလိုက်တာ ဆွဲကိုက်ချင်စရာလေး
ကလေး က မုန့်မရလို့ စိတ်ကောက်နေတဲ့ အတိုင်းပဲ

အာ မင်းဘာတွေလျှောက်တွေးနေတာလဲ ရိပေါ် ထိန်းစမ်း

" အဟမ်း  ရွာထဲ လျှောက်လည်ချင်တာမလား ငါလိုက်ပို့ပေးမယ် "

ကျွန်တော် ရွာထဲ လိုက်ပို့ပေးမယ်ပြောလိုက်တော့ သူ့မျက်လုံးလေးက အရောင်တောက်လာခဲ့သည်။

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now