uni

1.2K 108 9
                                    

" မြေးလေး ဘယ်လိုဖစ်လာတာလဲ "

အိမ်ရောက်တော့ ရှောင်ဖိုးဖိုးက ရိပေါ်ကျောပေါ်က ရှောင်ကျန့် ကို တွေ့တော့ စိတ်ပူကာ မေးလိုက်သည်

" ရေ ချိူးရင်းနဲ့ ကြွက်တက်သွားလို့ ဒီလူကြီးက သယ်လာ ပေးတာ ဟီ "

မသိရင် ကျွန်တော်ပဲ အတင်းကုန်းပိုးပြီးသယ်လာသလိုလို နဲ့ ရုပ်ကိုက အခုချိန်ထိ အောက်မဆင်းသေးဘဲနဲ့ ကျွန်တော့်ကျောပေါ်ကနေ ပြောင်စပ်စပ်လုပ်နေတဲ့ ငနဲလေး
ချစ်ကြည့်မလို့ရှိသေးတယ် ဖောက်လာပြီး

" ဟိတ် အိမ်ရောက်ပြီး ဆင်းတော့ ငါ့ကျောပေါ်ကနေ "

" ဆင်းမှာပါ ကျွန်တော့်ကိုကျောပိုးထားပါလို့ အတင်းပြောနေလို့လား ဟွန့် "

ဘယ်လိုလူကြီးကို မသိဘူး ခဏကပဲ စိတ်ကမှန်သေး အခုထဖောက်နေပြန်ပြီး ငါရင်ခုန်တာတောင် တစ်နာရီ မပြည့်သေးဘူး ချစ်ချင်စရာ တစ်စက်မှ မကောင်းတဲ့လူကြီး

" ရှောင်ကျန့် မြေးလေး ဘယ်လိုဖစ်ပြီး ရိပေါ် ကမလေးမစား နဲ့ ပြောနေတာလဲ ငါ့မြေးထက်ကြီးတယ် ရိပေါ်က "

" ဟွန့် ဘာကြီးတာလဲ ဘောကြီးတာလား အဖိုး အမြင်ကပ်ချင်စရာကြီး "

ရှောင်ကျန့်တစ်ယောက်ပြောကာ ထိုနေရာမှ ခါခါ ခါခါနဲ့ ထွက်သွားလေရဲ့

" ရပါတယ် ရှောင်ဖိုးဖိုး ကျွန်တော် ပြန်တော့မယ် မိုးချူပ်နေပြီး မို့ "

" အေးအေး ကျေးဇူးပဲ ငါ့တူ "

ငနဲ လေး ငါ့ကိုများ အမြင်ကပ်တယ်တဲ့ ရေကန်မှာကတည်းက ပြစ်ထားသင့်တာ

............... နောက်တစ်နေ့ မနက်သို့် ...... ...

ရှောင်ကျန့်လဲ သာယာလှပသောမနက်ခင်းနဲ့အတူ နိူးထလာခဲ့ လေသည်
ဒီနေ့ တော့ ရွာထဲ လျှောက်လည်ဖို့ စဉ်းစားထားသည်
ဒါပေမဲ့ အခုမှ ရောက်ဖူးတာဆိုတော့ သွားမတတ်လာမတတ် ဘယ်လိုလုပ်ရပါမလိမ့်

" အာ သိပြီး ဟိုလူကြီးကိုပဲ အပူကပ်ရမယ် "

ကျွန်တော်လဲ မျက်နှာသစ်ပြီး အဝတ်စားလဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now