အပိုင်း(16) zawgyi+uni

834 94 13
                                    

ရိပေါ်တစ်ယောက် အမူးသမားလေးကို ပွေ့ချီလာပြီး အိမ်ကိုရောက်တော့  မွေ့ယာပေါ်ကို ဘုန်းကနဲ ပြစ်ချလိုက်လေသည်။

"အမလေး မြတ်စွာဘုရား ပပဝတီနဲ့ ငါနဲ့ညား "

ရိပေါ်လည်းသူ့ကိုပြစ်ချလိုက်တော့  အာ့လိုအသံတွေ ထွက်လာပါလေရော 

ရိပေါ်လည်း ရှောင်ကျန့် ဘာပြောပြော နားမထောင်ဘဲ နံ့စော်နေတဲ့ အင်္ကျီကို လဲပေးဖို့ ဗီရိုထဲမှအင်္ကျီ ကိုသွားယူလေသည်။

" ပပဝတီ  ပပဝတီ  ဘုရင်ထီးဘေးနားက နေ ဘယ်ထွက်သွားပြန်ပြီးလဲ "

မွေ့ယာပေါ့မှာ ဟိုလှိမ့်ဒီလှိမ့်  ကာ လျှောက်ပြောနေတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ် စိတ်ညစ်နေလေပြီး။

" ဒီမှာ မင်းလင် ပပဝတီ  ထအုန်း အကျီင်္လဲပေးမလို့
ကလေးလေး ရေ လိမ်မာတယ် နော် ထထ "

ရိပေါ်လည်း စိတ်မရှည် တစ်ရှည်နဲ့ ချော့လိုက်ချောက်လိုက် ပြောနေသော်လည်း အဖက်ပင်မတင်။

" ဘုရင်ထီးကို မချစ်လို့လား ပပဝတီ  ဟွန်းးးး ငါဘုရင်ထီး အော်ငိုမှာနော် "

စကားမပီတပီနဲ့ ပြောကာ အော်ငိုမယ်လုပ်နေတဲ့ အမူးသမားလေးကို သူရိုက်ပြစ်ချင်နေလေပြီး။  ဒီထန်းရည်လေး သောက်တာကို လူမှန်းသူမှန်းမသိအောင် မူးလာနေရင် တော့ ဟင်းးး

" ကျန့်လေး ရေ ကလေးလေး ငိုတော်မမူလိုက်ပါနဲ့ အယ် ယောင်လို့်  မငိုပါနဲ့ကွာ လာလာ   အင်္ကျီလဲ ပေးမယ်နော် "

သူပြောလိုက်တော့ ငေါက်ကနဲထထိုင်လိုက်ပြီး သူ့ကိုသေချာစိုက်ကြည့်နေသော ငမူးလေး မျက်လုံးလေးမှေးပြီး သူ့ပါးကိုလက်ညှိုးကလေးဖြင့် လာထိုးနေလေသည်။

"အင်္ကျီ လဲမယ် ပပဝတီက  ငါဘုရင်ထီးကို အင်္ကျီလဲပေးမယ်
အဲ့ယိုလား ခ်ခ် ငါဘုရင်ထီးကို လုံချည်ပါမလဲပေးချင်ဘူးလား "

ပြောရင်းနဲ့ အောက်ကသူဝတ်ထားတဲ့ဘောင်းဘီကို ပါ ဆွဲဖြုတ်ဖို့လုပ်နေတဲ့ ဒီငမူးလေးကြောင့် သူ့စိတ်တွေ မနည်းထိန်းထားရလေသည်။

ဘယ်လိုလုပ်ရပါ့မလဲဒီငမူးလေးကြောင့် ကြာရင် သွေးတိုးလို့ ကုတင်ပေါ် မှာ နှစ်ပါးသွားရလေချည်ရဲ့။ 

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now