uni

918 88 11
                                    

ရှောင်ကျန့် တစ်ယောက် ရိပေါ် ကို စိတ်ဆိုးသွားကာ ထိုနေရာက နေ ထွက်လာခဲ့လိုက်သည်။ 

ရိပေါ်လဲ အနောက်က နေ ထပ်ကြပ်မကွာ ပြေးလိုက်တော့သည်။

" ကျန့်လေး နေအုန်းလေ "

"ခင်ဗျား မလိုက်လာနဲ့ "

ရှောင်ကျန့် က ပြေး ရိပေါ်ကလိုက် နဲ့ ကျောင်းအောက်ကို ရောက်လာခဲ့ကြတော့သည်။

" ကျန့်လေး မပြေးနဲ့ ကိုယ်ပြောတာ နားထောင်အုန်းလို့ "

ဘုန်းကြီးကျောင်း ပေါက်ဝရောက်တော့ ရိပေါ်က လှမ်းပြောလိုက်တော့ ရှောင်ကျန့် လဲ ထိုနေရာ မှာ ရပ်လိုက်ကာ  အနောက်ဘက် ပြန်လှည့်ပြီးရိပေါ်ကို လက်ညှိုးထိုးကာ

" ဘာမှ ဆက်မပြောနဲ့ ခင်ဗျားလို မင်္ဂလာဦးည ကုတင်တောင် မဝယ်ပေးတဲ့ ကော်စီးနဲကော်တစ်ရာ အဖိုးကြီးကို ကျွန်တော် လက်မထပ်နိုင်ဘူး "

ရှောင်ကျန့်ပြောလိုက်တော့ ရိပေါ်လဲ ရှောင်ကျန့် ခြေထောက်ကို ပြေးဖက်လိုက်ကာ

" မလုပ်ပါနဲ့ ကျန့်လေးရာ ကိုယ်တောင်းပန်ပါတယ်နော်
လက်ထပ်ပွဲတော့ မဖျက်လိုက်ပါနဲ့ ကျန့် လေး စိတ်တိုင်းကျ ဖြစ်စေရမယ်နော်နော် ဘုန်းကြီးကျောင်းက ကုတင်ကိုလဲ ကိုယ်မငှား တော့ဘူး ခွင့်လွှတ်ပေးနော် နော် "

ရှောင်ကျန့်လဲ သူ့ခြေထောက်ကို ဖက်ပြီး တောင်းပန်နေတဲ့ ရိပေါ်ကို ကြည့်ပြီးသနားစိတ်ဝင်သွားတော့သည်။

" ကောင်းပြီးလေ ကျွန်တော့် စိတ်တိုင်းကျ မဖြစ်လို့်ကတော့ ခင်ဗျား ကိုကျွန်တော်လက်မထပ်နိုင်ဘူး "

" စိတ်ချ ကိုယ်က ကျန့်လေးကို အလိုလိုက်အကြိုက်ဆောင်ပေးမှာ မင်္ဂလာကုတင်ကိုလဲ
ဈေးကြီးတာ ဝယ်ပေးမယ် နော် "

" ဟွန့် ပြီးရော"

ဒီလိုနဲ့ ပဲ ရိပေါ်နဲ့ ရှောင်ကျန့် ငြိမ်းချမ်းရေး ရသွားကြာကာ
ရှောင်ဖိုးဖိုးအိမ်သို့ ပြန်လာခဲ့ကြသည်။

ရှောင်ဖိုးဖိုးအိမ်ရောက်တေ့ာ လူတွေ အများကြီးကို တွေ့ ရတော့ ရိပေါ်နဲ့ ရှောင်ကျန့်လဲ ထူးဆန်းသွားတော့ သည်။

ဝမ်ဦးဦးဟု ခေါ်သည်Where stories live. Discover now