1 uni

2.9K 93 6
                                    


အလွန်ခမ်းနားကြီးကျယ်လှသော လားရှိုးတက္ကသိုလ်ကြီး တစ်ခု။ဖြောင့်ဖြူးနေသော လမ်းမကြီး။ကံ့ကော်ပန်းများ အလျင်ကြွေကျနေသော ပလက်ဖောင်းလမ်း။လှပမှုနှင့် ပြည့်နက်နေသော ကျောင်းတော်ကြီးတစ်ခု။
..
“ဟာ…ရှိုင်းခန့် မင်းဘယ်လို လမ်းလျှောက်လာတာလဲ။ငါ့ဖိနပ် ပျက်ပြီကွ”
အရာအားလုံးကို ငေးမောနေရင်း သူ့အရှေ့က သူရ၏ဖိနပ်ကို တက်နင်းမိတာ မသိလိုက်ချေ။ဒါဟာရှိင်းခန့်ပါပဲ။
……
အမြဲတမ်း ရှပ်ပြာရှပ်ပြာ၊ဝတ်လိုက်တော့ ပုဆိုးအကွက်။မျက်နှာပေါ်တွင် တပ်ထားသော မျက်မှန်ကဖြင့် လူတစ်ယောက်ကို ရိုက်သတ်လို့တောင်ရသည်။ရှိူင်းခန့်သည် ချမ်းသာကြွယ်ဝလှသော မိသားစုကမဟုတ်။စားနိုင် သောက်နိုင် ဖြုန်းနိုင်သော သာမန်အသိုင်းအဝိုင်းကပင်။လူအားလုံးက သူ့ကိုရှိတယ်လို့တောင် မထင်။တစ်နည်းအားဖြင့် အဖက်မလုပ်။သူကိုယ်တိုင်လည်း ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်။
……
“ဟာ…sorry ပါကွာ။ငါအငေးလွန်သွားတာ “
“မင်းအငေးလွန်တာက အကြောင်းမဟုတ်ဘူး။ဒီမှာ ငါ့ဖိနပ်ပျက်သွားပြီ။ငါ့ရည်းစားနဲ့လည်း ချိန်းထားတာ။ဘယ်လို လုပ်ပေးမလဲ”
“ကျွန်တော်လည်း အိမ်ကနေ နေ့လည်စာထမင်းဖိုးပဲယူလာမိတာကွ။ဒီလို လုပ်ပါလား”
ရှိုင်းခန့် အလျင်စလို သူ့ဖိနပ်ကို ချွတ်ပေးသည်။မြေပြင်ပေါ် ဖိနပ်မပါပဲ ကျရောက်နေသည့် သူ့ခြေထောက်လေးမှာ ဖွေးဥလို့။သူရကလည်း အချိန်မရသောကြောင့် ရှိုင်းခန့်ဖိနပ်ကိုသာ စီးသွားလိုက်သည်။ပလက်ဖောင်းပေါ်မှာ ခြေဗလာနှင့်လျှောက်ရသည့် ခံစားချက်မှ မကောင်းလှ။လမ်းသွား လမ်းလာများ တစ်ခွီခွီ..။
“အား…”
ရုတ်တရက် ရှိုင်းခန့်ခြေထောက်မှ သွေးများပန်းထွက်လာသည်။သံစူးမိခြင်း ဖြစ်ပေလိမ့်မည်။အကူအညီတောင်းစရာ အသိမိတ်ဆွေလဲမရှိ။အခုမှ တက္ကသိုလ်စတက်သော ရှိုင်းခန့်မှာမူ အခြေအနေ မလှ။ဆိုင်ကယ်စတန်းနားက အုတ်နှင့်လုပ်ထားသော ထိုင်ခုံနားသို့ ထော့နဲ့ထော့နဲ့နှင့် အရောက်သွားခဲ့သည်။ထိုင်ခုံပေါ်သို့ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။
“ဝှီး….”
ရုတ်တရက် ကျောင်းလမ်းမကြီးအတိုင်း မောင်းနှင်လာသော ဆိုင်ကယ်တစ်ခုကို တွေ့လိုက်သည်။သစ်လွင်သော အရောင်၊ဆန်းကြယ်သော ဒီဇိုင်း။မြင့်မားသော ဆိုင်ကယ်ခုံ။ပုရိသ တိုင်းကြိုက်တဲ့ ဆိုင်ကယ်တစ်စီး။အခုပေါက်စျေးဆိုလျှင် သိန်းသုံးရာကျော်လောက် ရှိလိမ့်မည်။ထိုဆိုင်ကယ်စီးလာသူသည် သာမာန်ပုဂ္ဂိုလ်တော့ မဖြစ်လောက်။ပြောရင်းဆိုရင်း ရှိုင်းခန့် ထိုင်ရာ ခုံ၏အရှေ့ ဆိုင်းကယ်စတန်း မှာဝင်ရပ်လိုက်သည်။အထဲက လည်ပိတ်အမဲ၊အပေါ်က long coat ကအဖြူရောင် လုံးဝကkorean စတိုင်ပင်။
“ဝါး….”
ရှိုင်းခန့်အနောက်ကနေ အံ့ဩမိသည်။ထိုလူက အနောက်ကနေ ကြည့်ရင်တောင် ခန့်ညားလှသည်။ဒေါင်က ကောင်းကောင်း။ရုတ်တရက် ထိုလူအနားသို့ လူအများအပြား ရောက်ရှိလာသည်။ထိုလူနားသို့ ဝိုင်းအုံနေကြသည်။ရုပ်ရှင်ထဲကလို သူ့fanနေမှာပေါ့။
“အားလား..လား..”
သများအရေးကို ကြည့်နေရတာ။ကိုယ့်ရဲ့အနာက ပို၍ပြင်းထန်လာသည်။ပါးစပ်မှ ဗြစ်တောက်ဗြစ်တောက်နှင့် တတွတ်တွတ်ရွတ်ရင်း ဘေးဘက်ကို တံတွေးထွေးချလိုက်သည်။
“ဟာ….သွားပြီ…သွားပြီ”
ရှိုင်းခန့်ရဲ့တံတွေးသည် လူတစ်ယောက်၏ခြေထောက်ပေါ် သွားကျသည်။ရှိူင်းခန့်မှာ မျက်မှန်လေးကို ပင့်တင်လိုက်ပြီး ခြေထောက်ကနေအပေါ်သို့ တဖြေးဖြေး မော့ကြည့်လိုက်သည်။
“ဗုဒ္ဓေါ”
ထိုလူ ပင်ဖြစ်သည်။တကယ့်လူကိုမှ သွားလွဲရသည်လို့။
“sorry ပါကွာ။ခဏခဏ ကျွန်တော်ပြန်သုတ်ပေးမယ်နော်”
ရှိုင်းခန့် အလျင်စလိုထလိုက်သည်။ခြေထောက်မှ စူးဒဏ်ရာကြောင့် ကောင်းမွန်စွာ ရပ်လို့မရပဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။ရှိုင်းခန့်မျက်နှာနှင့် ထိုလူခြေထောက်နှင့်က တပ်အပ်။ရှိူင်းခန့် ရှက်ရှက်ဖြင့် ခေါင်းနှင့်မြေကြီးကို မသိမသာ ဆောင့်လိုက်သည်။ခတ္တအကြာ ရှိုင်းခန့်မျက်စိရှေ့မှ ခြေလှမ်းလှမ်းပြီးထွက်သွားသည်ကို မြင်လိုက်သည်။
“ရှိုင်းခန့် ဘယ်လိုဖြစ်တာလဲ”
ဆယ်တန်းက သူငယ်ချင်း မင်းသူမှာဆွဲထူပေးရင်း
“ဘယ်လိုဖြစ်ရတာလဲကွာ”
“အေး..ငါလဲမပြောချင်ဘူး ဒီလိုဟေ့”
“….

….”
“မင်းကလေ ငယ်ငယ်ကတညိးက အခုထိ အဲ့လိုပဲ။ရော့ ဒီမှာငါ့မှာ ပလာစတာပါလာတယ်။ဖိနပ်ကတော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲဟေ့”
မင်းသူမှာ ခပ်သဲ့သဲ့ရယ်ပြီး ကျွန်တော့်ကို ပြောလေသည်။
“ငါက မငိးကိုရှာနေတာ။မင်းလဲပထဝီ မေဂျာယူတယ်ဆိုလို့လေ”
“ကေျာင်းစဖွင့်ရက်ဆိုတော့ ဒီလိုပဲပေါ့။ကဲသွားကအောင် “
မင်းသူမှာ ကျွန်တော့်ကို ကူပေးပြီးအတန်းထဲသို့ ရောက်အောင် သွားခဲ့သည်။
.

 သက်သေတည်၍(completed)Where stories live. Discover now