ထိုနေ့က အတန်းထဲမှ ကျောင်းသားများပါတီလုပ်ရန် ဆုံးဖြတ်ထားသည်။ပါတီဆိုပေမဲ့ အသေးလေးပါ။အကင်ဆိုင်တစ်ဆိုင်တွင် ကျင်းပကြမည်။တစ်နိုင်တစ်ပိုင် အတန်းထဲရှိကျောင်းသူသား တို့မှမော်နီတာကနေ ပိုက်ဆံကောက်လိုက်သည်။အားလုံစ ညခုနှစ်နာရီ ဆုံကြမည်။ရှိုင်းခန့်ကလည်း သူ့မိဘခွင့်ပြုချက် ရပြီးသားမို့ သိပ်လွတ်လပ်။
“ဟော..ငါတို့ရဲ့ ကင်းကြီး လာပါပြီဗျာ “
ရှိုင်းခန့် ဝင်လာသည်နှင့် မော်နီတာမှ ခပ်ပြောင်ပြောင်အသံလေးဖြင့် ရယ်လိုက်သည်။ မင်းသူမှာ ရှိုင်းခန့်ကို လက်ယက်ခေါ်နေသည်။ရှိုင်းခန့်လည်း မင်းသူဘေးမှာ ဝင်ထိုင်လိုက်သည်။ မကြာ။ခတ္တအကြာ ဝေဠုမင်းခင် ရောက်လာခဲ့သည်။သူ၏ဆိုင်ကယ်ကို အကင်ဆိုင်ရှေ့တွင်ရပ်လိုက်သည်။
“ဝေဠု..ဒီမှာလာခဲ့..”
ရှိုင်းခန့်မှာ ဝေဠုကို လက်ယက်ခေါ်နေသည်ကို ဝေဠုမြင်သည်။ထို့ကြောင့် ခပ်တည်တည် ရှိုင်းခန့်ဘေးတွင် ဝင်ထိုင်လိုက်သည်။မော်နီတာနှင့် အခြားသော ကျောင်းသားသူများ အံ့ဩကြသည်။ရောရောနှောနှောနေဖို့ မပြောနှင့် သူ့ဘေးတွင် လူလာထိုင်လျှင်တောင် မကြိုက်သောဝေဠုမှာ ယခုမူ ရှိုင်းခန့်အနား။
“ရော့….ဝေဠူ”
ဝေဠုပန်းကန်အတွင်းသို့ ဝက်သားကင် ထည့်ပေးလိုက်သည်။ဒါကို ဝေဠုအား အသေရရအရှင်ရရ လိုချင်နေသူ မိန်းမသားတစ်ချို့ ရှိုင်းခန့်အား ဘူကြည့်ကြည့်။
“ဂုဏ်ယူပါတယ် ရှိုင်းခန့်..မင်းကင်းဖြစ်သွားတာ.”
“ဟား….ရပါတယ်ဗျာ။ငါက ကိစ္စတစ်ခုရှိလို့ ဝင်ပြိုင်တာ။ရမယ်လို့ကို မထင်တာ”
ရှိုင်းခန့်မှာ ရယ်ရယ်မောမောဖြင့် ဘေးနားက ရေခွက်လေးကို ယူမော့လိုက်သည်။
.”ငါတို့ ကင်းကြီးကလဲ။spyလေးဘာလေး မော့ပါလားကွ..”
“တော်ပါပြီဗျာ…ကျွန်တော် မသောက်တတ်လို့ပါ.”
“ဟာ..အားလုံးစုံနေတဲ့ပွဲကိုကွာ မင်းကလဲ..လုပ်စမ်းပါ..”
“မဟုတ်တာဗျာ။ရပါတယ်။မသောက်တော့ပါဘူး.”
YOU ARE READING
သက်သေတည်၍(completed)