8 zawgyi

20 1 0
                                    

လက်ဖဝါး၊လက်ဖမိုး ဆန့်ကျင်ဘက်လို

အများမသိ မေတ္တာဓာတ်ဖြင့်

သစ္စာကိုတည် ချစ်တာတစ်ခုဖြင့်

သက်သေအချစ် တည်စေပါအံ့..

သက်သေတည်၍ တည်ပါစေအံ့။

နေ့လည်လောက်တွင် ရှိုင်းခန့်တို့သုံးယောက် အတိတ်အကြောင်းသွားမေးရန် သွားလေသည်။အရင်လိုပင် ဆိုင်ကယ်ကယ်ရီဖြင့်…။

“ဆရာ..ဆရာ..”

ဦးနောင်ရိုးမှာ အိမ်ရှေ့၌ ဆရာကိုလှမ်းခေါ်နေသည်။ဦးနောင်ရိုးပြောသည်မှာ လူကြိတ်ကြိတ်တိုး စည်ကားလှသည်။ယခုတွင် ခွေးတစ်ကောင်၊ကြောင်တစ်မီး အရိပ်အယောင်တောင်မတွေ့။

“ဪ..နောင်ရိုး..လာလေကွာ။မင်းတို့လာမယ်ဆိုလို့ သုံးနာရီမှဟောခန်းဖွင့်ဖို့ လုပ်ထားတာ။မင်းတို့အေးဆေးမေးရအောင်လို့..”

ရှိုင်းခန့်စဉ်းစားမိသည်။ထိုဆရာနှင့် ဦးနောင်ရိုးတို့က အသိတွေပင်။ဟောခန်းတောင် ဦးနောင်ရိုးတို့လာမည်ဆိုတော့ အချိန် ရွေ့ထားသည်။ဘာမှမပြောတော့ပဲ ရှိုင်းခန့်နှင့်မင်းသူ အိမ်ထဲဝင်သွားခဲ့သည်။

“ဆရာ..”

ရှိုင်းခန့် ပြောတော့မည့်အခါ ထိုဆရာမှာ လက်ပြလိုက်သည်။

“မနေ့က နောင်ရိုးဖုန်းဆက်ပြီး အကြောင်းစုံ ပြောပြီးပါပြီ..”

“ဒါနဲ့ မင်းအသက်က ဘယ်လောက်လဲ..”

“၁၉ပါဆရာ..”

“မင်းလက်ပေး..”

ဆရာမှ ရှိုင်းခန့်လက်ကို ကမ်းသည့်အခါ အသာတကြည် ထည့်ပေးလိုက်သည်။ရှိုင်းခန့်လက်ကိုကိုင်ကာ မျက်စိမှိတ်လိုက်သည်။

“မင်းက အရင်က စိုင်းမောဝ့်ဆိုတာတကယ်ဖြစ်ခဲ့တယ်။ပြီးတော့ မင်းကြီးကြီးမားမားမေတ္တာလွန်ကို ဆွဲခဲ့ရတာလဲဟုတ်တယ်..ဒါပေမဲ့ ဟိုဘဝက အောက်လမ်းတစ်ခုကြောင့် မင်းဒီဘဝမှာ ချစ်တဲ့သူနဲ့ ကွဲကွာခြင်းအမျိုးမျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်။အနည်းဆုံး ရှင်ကွဲကနေ အများဆုံး သေကွဲအထိ ဖြစ်သွားနိုင်တယ်”

 သက်သေတည်၍(completed)Where stories live. Discover now