11 zaw gyi

109 4 0
                                    

ဝေဠုဆိုင်ကယ်ဖြင့် ဝေဠုကမောင်း၍ ရှိုင်းခန့်က အနောက်ကနေ တက်စီးသည်။ဝေဠုဆိုင်ကယ်အမောင်းကြမ်းသောကြောင့် ရှိုင်းခန့်မှာ တင်းကျပ်စွာ သိုင်းဖက်ထားရသည်။ဝေဠုမှာ ဒါကိုသဘောကျ။

“ရှိုင်းခန့်..မင်းအိမ်ကို ဘာမှစိတ်မပူနဲ့ကြားလား။ငါမော်နီတာကို ဖုန်းဆက်ပြောခိုင်းထားတယ်”

“ဟမ်...ဘယ်လိုပြောထားတာလဲ..”

“ အပြန်ကနောက်ကျနေပြီ။တစ်ယောက်ထဲသွားလို့ မကောင်းဘူးလေ။ဒါကြောင့် မော်နီတာအိမ်မှာ စုအိပ်ကြတယ်လို့ ပြောခိုင်းထားတယ်”

ရှိုင်းခန့်မှာ ဘာမှမပြောတော့။ပြုံးစိစိနဲ့ပင်။

....

ဆိုင်ကယ်စတန်းနားတွင် ဆိုင်ကယ်ကိုထိုးလိုက်သည်။ဆိုင်ကယ်စတန်းနားရှိ ကျောင်းသူကျောင်းသားအချို့မှာ နံမည်ကြီးဝေဠုမင်းခင်နှင့်နံမည်အကြီးဆုံး ကင်းရှိုင်းခန့်တို့ ဆိုင်ကယ်အတူတူစီးလာတော့ သူတို့အတွက် ပွဲကျစေခဲ့သည်။ဆိုင်ကယ်စတန်းနားတွင် ကေခိုင်ဖူးရှိနေသည်ကို သူတို့မတွေ့။

“ကဲ..ငါအတန်းထဲ ဝင်တော့မယ်..”

“နေပါအုံး..ငါပြောထားတယ်လေး..အမြဲတမ်း ငါ့အနားပဲနေရမယ်ဆို”

“ဟာ..အခုက အတန်းထဲရောက်လဲ တွေ့မှာပဲကိုး..”

“မရပါ..အမြဲတမ်း ငါ့နားနေ။ငါခိုင်းတာလုပ်ပဲ..မလုပ်ရင် ငါ့အကောင့်ကနေ.. “

“အေအေ။နေမယ်နေမယ်။ဟုတ်ပြီလား”

ရှိုင်းခန့်မှာ ခပ်ဆတ်ဆတ်လေး ပြောလိုက်သည်။ထို့နောက် ဝေဠုမင်းခင်နှင့်ရှိုင်းခန့် တစ်ပြိုင်နက်ထဲ အတန်းထဲဝင်သွားလိုက်သည်။ရှိုင်းခန့်နှင့်ဝေဠု အတူတူဝင်လာသည်ကို မင်းသူမှာ တအံ့တဩ။ရှိုင်းခန့်မျက်နှာမှာ တရှုံ့ရှုံ့။ရှိုင်းခန့်မှာ မင်းသူဘေးဝင်ထိုင်လိုက်သည်။ဝေဠုမှာ လည်းဝင်ထိုင်လိုက်ပြီး စာအုပ်များကို ခေါ်ပေါ်တင်လိုက်သည်။

“ဒီနေ့ မေဂျာအချိန် ငါတို့ကန်တင်းသွားရမယ်။ငါတို့ ချိန်းထားတာရှိတယ်”

 သက်သေတည်၍(completed)Where stories live. Discover now