13 zaw gyi

108 4 0
                                    

သူ့ရဲ့စကားတစ်ချက်က ဝေဠုရင်ထဲ ဆူးခနဲနင့်ဝင်သွားသည်။ဘာကိုမှ မပြောနိုင်။ဆွံ့အသွားခဲ့သည်။

"ဘာလို့..ဘာလို့ငါ့ကိုမချစ်ရတာလဲ ရှိုင်းခန့်"

"မဖြစ်နိုင်လို့ပါ.."

ရှိုင်းခန့်ရဲ့စကားကြောင့် ဝေဠုတစ်ချက်ပျက်သွားသည်။မျက်လုံးများရီဝေနေပြီ။ယခင်တစ်ခါကလို ခေါင်းထဲသို့ အဟုန်ထိုး ဝင်ရောက်လာသည်မှာ...

...

မင်းတုန်းမင်ခေတ် (ရှမ်းပြည်နယ်)

"မင်းသား...မင်းသားဟာ စိုင်းမောဝ့်နှမရဲ့စေ့စပ်ထားသူပါ။အခုလို စိုင်းမောဝ့်နားကပ်နေတာ မသင့်တော်ကြောင်းပါ"

" အမျအမြင်မသင့်တော်တာလား။စိုင်းမောဝ့်အတွက် မသင့်ေတာ်တာလား ။ဒီမှာ စိုင်းမောဝ့်
အနှစ်မပါတဲ့ အချစ်ကိုစဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါစိုင်းမောဝ့်။အနှစ်မပါပဲနဲ့ အချစ်ကိုစလိုက်ရင် နောက်ဆုံးတော့ ဆွေမျိုးသားချင်းတွေပဲ နံမည်ပျက်မှာမလား."

"ဘယ်လို..ဘယ်လို။ဘယ်လိုပြောလိုက်စ။ပြောချင်တာက နှမနန်းစောကို မေတ္တာစစ်မေတ္တာမှန်နဲ့ မချစ်ဘူးလို့ပြောချင်တာပါ့"

စိုင်းမောဝ့်မှာ အရိပ်ပြရင် အကောင်မြင်တတ်သည်။ရှေးကို ပြေး၍တွေးခေါ်တတ်သည်။

"ဟုတ်ပါ့လို့သာ ပြောရမည်စ။အကယ်၍ စိုင်းမောဝ့်သာ အကို့မေတ္တာကို လက်ခံမယ်ဆိုရင်.."

"တော်တော့ မင်းသား။တော်ပါတော့။ဒါဟာ လုံးဝကို မဖြစ်နိုင်တဲ့ကိစ္စပါ။နှမကို စေ့စပ်ထားသူက အကိုတော်နဲ့ မေတ္တာမျှတယ်ဆိုရင် ကြားလို့မှ မကောင်း။မင်းသားဟာ ဘယ်လိုခံယူချက်ထားလဲဆိုတာ ကျွန်ုပ်မသိ။ဒါပေမဲ့..ဒီလိုဆန့်ကျင်ဘက်..."

"ဆန့်ကျင်ဘက်ဆိုပေမဲ့ ဒါဟာလဲအချစ်ပါပဲ။အမှန်တိုင်းပြောရရင် နန်းစောကို အကို့ထံ လာစပ်တဲ့အချိန် နန်းစောကြောင့် လက်ခံလိုက်တာမဟုတ်ဘူးစိုင်းမောဝ့်။အကို သီတင်းကျွတ်လပြည့် ဘုရားပွဲမှာ တွေ့ခဲ့တဲ့စိုင်းမောဝ့်ရဲ့ နှမတော်ဖြစ်နေလို့ လက်ခံလိုက်တာ။စိုင်းမောဝ့်သာ အကို့ကိုလက်ခံလိုက်ပါ။အကို အရာအားလုံးကို စွန့်လွတ်ပြီး အခြားသော တိုင်းပြည်မှာ သွားခိုလှုံအံ့"

 သက်သေတည်၍(completed)Where stories live. Discover now