14 zaw gyi

84 6 0
                                    

ဖယောင်းတိုင်တစ်တိုင်မှာ ငြိမ်းတော့မယ်ဆိုရင် ပိုပြီးလောင်ကြွမ်းတတ်ပါတယ်။ဒီလိုပဲ ပြဿနာတစ်ခုမှာ အဆင်ပြေတော့မယ်ဆိုရင် ပြဿနာကြီးကြီးဖြေရှင်းရမှာပါ။ဒါပေမဲ့ လောင်ကြွမ်းနေတဲ့မီးလေးက အောက်ကမီးစွဲစေတဲ့ ပစ္စည်းနဲ့မထိဖို့တော့ လိုမှာပေါ့…



“ရှိုင်းခန့် ဘာဖြစ်တာလဲ..”

မင်းသူနှင့်ဝေဠု အနောက်တွင်ကျန်ရစ်ခဲ့သော ရှိုင်းခန့်နားသို့ရောက်လာကြသည်။ရှိုင်းခန့်မှာ ဖုန်းစပီကာကို ဖွင့်လိုက်သည်။

“နင်..နင်ဘယ်သူလဲ..”

“ဟာ…စိုင်းမောဝ့်ကလည်း။နန်းစောပါဆို..နန်းစောနန်းစော”

ရှိုင်းခန့်မှာ မသိသလိုဖြင့်

“နန်းစောကိုလည်းမသိဘူး။နံစော်ကိုလည်း မသိဘူး”

“ဟား…အကိုတော်က နန်းစောကို မေ့ချင်ယောင်ဆောင်နေတာကိုး..။အကိုတော်တို့ တော်ပါပေတယ်။ဒီလောက်ထိ ရောက်အောင် စဥ်းစားနိုင်လို့လေ”

နန်းစောမှာမူ ရှိုင်းခန့်တို့ ပြောဆိုနေသည်ကို အားလုံးကြားမည့်ပုံပင်။ဒါကြောင့် တွေဝေမနေတော့ပဲ ခပ်ဆတ်ဆတ်လေး ဆက်ပြောလိုက်သည်။

“နင်က ဘယ်သူလဲ။အခု ..အခုက နင်ဘယ်သူဖြစ်နေတာလဲ..ဘာလို့အခုထိ လိုက်နှောက်ယှက်နေတာလဲ”

“အမလေးလေ..မေးခွန်းတွေက များလှချည်လား။နန်းစောကလေ ရှင်တို့နဲ့အနီးဆုံးနေရာမှာ ရှိနေတာပါ။ဘာလို့နှောက်ယှက်ရတာလဲဆိုတာတော့ ရှင်တို့သိပြီးသားလေး..”

“နန်းစော..အတိတ်ကဟာက အတိတ်မှာပဲ ထားခဲ့တာကောင်းတယ်။အခု မင်းရဲမကောင်းတဲ့စိတ်ကြောင့် အခုဘဝအသစ်အနေနဲ့ရှင်သန်နေတဲ့ ငါတို့တွေ ဓားစာခံ မဖြစ်ချင်ဘူး”

“ဘာ…အတိတ်ကအတိတ်မှာထားခဲ့ ဟုတ်လား။ငါသေရတာလည်း နင့်ကြောင့်။ငါ့ရဲ့အချစ်ကို လုယူတာလဲ နင်ပဲ။ငါ့ကို စိတ်ဒဏ်ရာပေးတာလဲ နင်ပဲ”

“ဘာတွေလာပြောနေတာလဲ…နင်က နင့်ဟာနင် မြွေကိုက်ပြီးသေတာလေ။ငါကမှ နင့်ကိုစိုးရိမ်စိတ်နဲ့ လှည့်ကြည့်မိလို့ နင့်ကြောင့် ငါသေရတာဆိုရင်ကော..”

 သက်သေတည်၍(completed)Where stories live. Discover now