ဝေဠုအဖေမှာ ဒေါသများပေါက်ကွဲနေပြီ။
“နင့်သားက ဒါဘာအချိုးချိူးတာလဲ..”
စားပွဲပေါ်သို့ ဓာတ်ပုံငါးပုံကို ပစ်ချလိုက်သည်။ဝေဠုအမေမှာ ဓာတ်ပုံကိုသေချာကြည့်လိုက်မှ ရှိုင်းခန့်နှင့်ဝေဠု၏ပုံ။ဝေဠုအမေမှာ တအံ့တဩ ဓာတ်ပုံများကို ကိုင်ကြည့်လျက်။
“ဒါ…ဒါ..”
“ဟုတ်တယ်။နင့်သားက အခြောက်ဖြစ်နေတာ..နင့်သားက ယောကျာ်းချင်း ကြိုက်နေတာကွ..ကေခိုင်ဖူးပြောတဲ့ ရှိုင်းခန့်ဆိုတာ အဲ့ကောင်ပဲ..”
“ဒါ…ဒါဘယ်ဖြစ်ပါ့မလဲ..။ဖေကြီး…ဖေကြီး ဘယ်လိုလုပ်ကြရမလဲဟင်..ဖေကြီး..”
.ဝေဠုအဖေမှာ ဆိုဖာပေါ်တွင် ကောက်ခါနင်းခါထိုင်ချလိုက်ကာ ဖုန်းကိုဖွင့်ပြီး တစ်ယောက်ယောက်ကို ဖုန်းဆက်လေသည်။
“ဟယ်လို…အေး လုလု။ရှိုင်းခန့်အိမ်ကို သားသိတယ်လား..”
ဝေဠုအဖေမှာ ဖုန်းဆက်ချိန်တွင် ဒေါသ သံမပါပဲ လေသံချိုချိုလေးပြောလေသည်။ဒါဟာ လှည့်စားမှုတစ်ခု။
“အန်ကယ်..ဘာလုပ်မလို့လဲ..”
“ဪ….လာမည့် အန်ကယ့်ဇနီးမွေးနေ့မှာ ရှိုင်းခန့်ကိုဖိတ်ချင်လို့လေ။အဲ့တာ …”
“ကောငတာပေါ့ အန်ကယ်ရာ။ဝေဠုသာကြားရင် တကယ်ပျော်သွားမှာ။သူက ……..နေတာအန်ကယ်ရဲ့”
လုလုမှာ ဘာကိုမှမသိပါ။သူ့စိတ်တွင် ဝေဠုအဖေပြောသည့်စကားကို နားယောင်မိနေပုံပင်။
“ ကျေးဇူးပါကွာ…။ဒါနဲ့ ဝေဠုရော ဘယ်မှာရှိနေတာလဲ။သူ့အမေမွေးနေ့မှာ သူတို့ချစ်သူနှစ်ယောက်စလုံး အတူတူရှိခိုင်းစေချင်လို့သားရဲ့..”
“ဟာ..ကောင်းတာပေါ့။သူကအခု သွေးသစ်အိမ်မှာနေနေတာအန်ကယ်ရဲ့..”
“ဟုတ်လား..။ဝေးမလိုလိုနဲ့ အနီးမှာရှိနေတာပဲ။ဪ..သား အန်ကယ်အလုပ်ရှိလို့ နောက်မှပြန်ပြောမယ်နော်သား..”
“ဟုတ်ကဲ့ အန်ကယ်..”
လုလုမှာ ကန်တင်းထဲတွင်။ကေခိုင်ဖူးမှာ ဒီတစ်ခေါက်အတန်းမလစ်။သွေးသစ်မှာ ဖုန်းဆက်ပြီးခဏ ရောက်လာခဲ့သည်။
YOU ARE READING
သက်သေတည်၍(completed)