မင်းတုန်းမင်ခေတ် (ရှမ်းပြည်နယ်)
မိုးများသန်းထန်စွာရွာနေသည်။မိုးပေါ်တွင်လည်း လျှပ်ပန်းလျှပ်နွယ်များ။မိုးချိန်းသံများ တစ်ဂျိန်းဂျိန်း..။အိမ်အောက်တွင် စော်ဘွားတစ်ယောက် ပြာပြာယာယာ။အိမ်ပေါ်မှ မိန်းမတစ်ယောက် အော်သံများ ဆူလို့ညံလို့။သို့သော် အော်သံများထက် မိုးချိန်းသံက ပို၍ ကျယ်လောင်နေသည်။
“ မွေးပြီးစ...စော်ဘွားရဲ့ သားဦးလေး မွေးပြီစ..”
“ဘာ...ငါ့..ငါ့မိန်းမမွေးပြီ..ငါ သားလေး...ငါ့သားလေး”
စော်ဘွားကြီးမှာ ကပြာကယာဖြင့် အိမ်အပေါ်ထပ်သို့ တက်သွားခဲ့သည်။လှေကားတစ်ဝက်မှာပင် အခန်းထဲမှ လက်သည်အဒေါ်ကြီး ပြန်ထွက်လာခဲ့သည်။
“စော်ဘွား..နေအုံးစ။နှစ်မွှာပူး မွေးမှာစ”
အဒေါ်ကြီးရဲ့စကားကြောင့် စော်ဘွားကြီးမှာ ရင်ကိုထိတ်သွားပြီး အောက်သို့ ပြန်ဆင်းလာရသည်။မိုးများမှာ ပိုမိုသည်းလာသည်။လေးများပါ တိုက်လျက်။
“ မွေးပြီစ..မိန်းကလေးစော်ဘွားရေ..မိန်းကလေး.”
“ဟာ..သားဦးနဲ့လွတ်ယိင်းလေး..”
လွတ်ယိင်းဆိူသည်မှာ သမီးဖြစ်သည်။သမီးကိုတော့ ရှမ်းလိုသာအခေါ်ပြုလိုက်သည်။စော်ဘွားမှာ အလျင်အမြန် အပေါ်ထပ်သို့ တက်သွားခဲ့သည်။တံခါးကို “ဝုန်းခနဲ” ကောက်ဖွင့်လိုက်သည်။
သား...လွတ်ယိင်း။ကလေးနှစ်ယောက် စော်ဘွားကတော်ဘေးတွင် ယှဉ်ထားထားသည်။စော်ဘွားကတော်မှာမူ ချွေးများ အောင်းလျက်။မတုန်မလှုပ်။စော်ဘွားကြီးမှာ ဖြေးဖြေးချင်း သားနှင့်သမီးဘေးနားက ကပ်ထိုင်၍ ဝမ်းသာအားရ။မျက်ဝန်းမှ မျက်ရည်တစ်စက် စီးကျလာသည်။ဝမ်းနည်းသောမျက်ရေမဟုတ်။ပျော်ရွှင်ခြင်း မျက်ရေ...
“နန်းမူရယ်...အကို..အကိုပျော်လွန်းလို့ ဘာကိုမှပြောမနိုင်တော့ဘူးရော။အကို့မှာ သားရော၊လွတ်ယိင်းရော ရှိနေပြီ...ကြားလား.. ကြားလား နန်းမူ..”
စော်ဘွားကတော်မှာ တည်ငြိမ်လျက်။ရင်ဘတ်မှ လေအလျော့အတင်းမရှိ။မျက်လုံးလေးမှာ အသာလေးပိတ်ထားသလိုပင်။
YOU ARE READING
သက်သေတည်၍(completed)