ကန်တင်း၌ ဝေဠုနှင့်ကေခိုင်ဖူး ရောက်နေပြီ။ကျန်တဲ့ လုလုနှင့်သွေးသစ်တော့ မရောက်သေး။ကေခိုင်ဖူးမှာ မြန်မာစာကဖြစ်သောကြောင့် ဝေဠုအတန်းနှင့် အလွန်နီးသည်။လုလုနှင့် သွေးသစ်မှာ သမိုင်းယူထားသောကြောင့် ကန်တင်းနှင့် နည်းနည်းဝေး။
“ဟော..ဟိုမှာ ပြောရင်းဆိုရင်းနဲ့ လုလုနဲ့သွေးသစ် ရောက်လာပါပြီရှင်..”
ကေခိုင်ဖူးမှာ သူတို့နှစ်ယောက်ကိုမြင်၍ စကားစမြည်လိုက်သည်။ထို့နောက် သူတို့လေးယောက် ရှိုင်းခန့်တို့၏ တစ်ခုံခေါ်ကျော်မှာ ဝင်ထိုင်လိုက်သည်။
“ဟာ..ဒီစာအုပ်က ဘယ်သူ့စာအုပ်လဲ”
“ဪ…ဒါက မင်းရဲ့အလွှဲကောင်လေးကို ပေးရမှာ”
“ကြီးတော်မို့ ငါ့ကောင်လေးလား။မင်းနော်..”
“အေးလေ….ဝေဠုနဲ့ရှိုင်းခန့်နဲ့ မတန်မရာဟယ်…။မနှိုင်းနဲ့ ငါမကြိုက်ဘူး”
ကေခိုင်ဖူးမှာ ရွံသလိုလို၊စပ်ဆုတ်သလိုလိုဖြင့် ရှိုင်းခန့်ကို ရွဲ့စောင်းပြောလိုက်သည်။ဝေဠုမှာမူ ကေခိုင်ဖူးစကားကို ကြားရသောအခါ မျက်နှာမကောင်း။ကျောင်းစတက်ကတည်းက ပလက်ဖောင်းပေါ်တွင် ခြေဗလာနဲ့ လမ်းလျှောက်နေကတည်းက မျက်စိကျနေသည့် ဝေဠု။အများက ပြောမည်ကိုတစ်ကြောင်း၊သူ့roll ကျသွားမည်ကိုတစ်ကြောင်းမို့ ပေါင်းချင်ရက်နှင့်မပေါင်း။
“ဟော..ဟိုမှာပဲ ခဏနော် ငါသွားပေးလိုက်အုံးမယ်”
သွေးသစ်မှာ ချက်ချင်းထသွား၍ ရှိုင်းခန့်စားပွဲဆီသို့ သွားခဲ့သည်။
“ရှိုင်းခန့်…”
“ဪ သွေးသစ်”
ရှိုင်းခန့်မှာ သွေးသစ်နဲ့တစ်ရင်းတစ်နှီးပြောလာသောကြာင့် မင်းသူအံဩနေသည်။ရှိုင်းခန့်သည် ကျောင်းရဲ့တောပ့်စတားတို့နှင့် ရင်းနှီးမည်လို့ လုံးဝကို ထင်မထားပါ။
“ဟိုတစ်နေ့
“ဪ..အေအေ။ဒါနဲ့ သွေးသစ်ရေ..”
သွေးသစ်ခေါင်းထောင်လာသည်။ရှိုင်းခန့်ပြောမည့် စကားများကို ပြုံးပြီးစောင့်နေသည်။
YOU ARE READING
သက်သေတည်၍(completed)