15 zaw gyi

100 4 0
                                    

ရှိုင်းခန့်မလိုချင်ဆုံး အတိတ်ရဲ့ဆက်နွယ်မှုတွေက ယောင်ပြန်ဟပ်နေပြီလား ဝေဠုမင်းခင်ရယ်..

“ဘာ….ကေခိုင်ဖူး နင်တိတ်တိတ်နေစမ်း..။ငါက နင့်ကိုငါ့ညီမတစ်ယောက်လို ခင်လာတာ၊ချစ်လာတာ၊စောင့်ရှောက်လာတာ။အခု နင့်ကိုငါမရွံခင် နင်ပါးစပ်ပိတ်လိုက်တော့”

ဝေဠုအသံ ကျယ်လောင်လှသည်။လူတစ်ယောက်ကို ဝါးတော့မလို အကြည့်မျိုး။

“ဝေဠုမင်းခင်။လူကြီးတွေရှေ့မှာ ငါ့ကို..ငါ့ကို အရှက်ခွဲနေတာလား။ပြောစမ်း..”

“ဖေဖေ။သား ဖေဖေ့ရဲ့အရှက်ကို ခွဲနေတာမဟုတ်ဘူးဖေဖေ။မချစ်မနှစ်သက်တဲ့သူနဲ့ တစ်ဘဝလုံး အတူတူနေဖို့ဆိုတာ မဖြစ်နိုင်ဘူးဖေဖေ”

“ဘာ..ပြန်ပြောစမ်း..ဒီပါးစပ်က မင်းပြန်ပြောလိုက်စမ်း..”

ဝေဠုအဖေမှာ ထိုင်ရာထလာပြီး ဝေဠုအနား လမ်းလေးဖြေးဖြေးလျှောက်လမ်းလာသည်။အနားနား ရောက်သည့်အချိန်..

“ရော့ကွာ..”
“အား..”

ခံပြင်းလှသော စိတ်။ခက်ထန်လှသော အသံ။မာကျောလှသော လက်တီးတို့ဖြင့် ဝေဠုပါးကို အဟုန်ထိုးလိုက်သောကြောင့် ဝေဠုမှာမူ ကြမ်းပြင်ပေါ်တွင် လဲကျသွားခဲ့သည်။နှာခမ်းဘေးမှ သွေးအနည်းငယ် စီးကျလာသည်။ကေခိုင်ဖူးမှာမူ ချက်ချင်းဆိုသလိုပင် ဝေဠုအနား ရောက်လာ၍ လာထူသည်။

“အန်ကယ်ရယ်..ဝေဠုကို မလုပ်ပါနဲ့တော့။သမီးတောင်းပန်ပါတယ်..”

“တောက်..သမီး ဘာမှတောင်းပန်စရာမလိုဘူး။ဒီလိုကောင်က ဒီလိုနဲ့ပဲထိုက်တန်တယ်”

ဝေဠုအဖေမှာ ရက်စက်သောမျက်လုံးများဖြင့် ဝေဠုကိုကြည့်နေသည်။ဝေဠုမှာတော့ ခပ်နာနာ။

“ရတယ်ဖေဖေ။ဖေဖေတို့က သားလက်မခံနိုင်တဲ့အရာကို ဇွတ်လုပ်နေမှတော့လည်း သားအိမ်ပေါ်ကဆင်းတာ ပိုကောင်းတာပေါ့။သား နှုတ်ဆက်ခဲ့ပါတယ်။ဖေဖေတို့လဲ နောင်ဘဝကြရင် ဒီလိုသားဆိုးသားမိုက် မမွေးပါစေနဲ့လို့ သားဆုတောင်းပေးပါတယ်။ဖယ်…”

 သက်သေတည်၍(completed)Where stories live. Discover now